စစ်ဒဏ်ကြောင့် ယီမင်ရှိကလေးများ အသက်အန္တရာယ်ရှိသည်အထိ အဟာရပြတ်လပ်မှုနှင့် ကြံုနေရ

စစ်ဒဏ်ကြောင့် ယီမင်ရှိကလေးများ အသက်အန္တရာယ်ရှိသည်အထိ အဟာရပြတ်လပ်မှုနှင့် ကြံုနေရ

ဂျနီဗာ၊ မတ်၊ ၂၉ ။            ။ ယီမင်တွင် တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ဒဏ်ကြောင့် ကလေးငယ်ပေါင်းများစွာမှာ အဟာရပြတ်လပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့မှု၊   ရေသန့်မရရှိမှုတို့ကို အသက်အန္တရာယ်ရှိသည်အထိရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယီမင်ပြည်တွင်းစစ်တွင် ပါဝင်နေသောတပ်ဖွဲ့များအားလုံး၏ ကလေးစစ်သားအသုံးပြုမှာလည်း လျှင်မြန်စွာမြင့် တက်လာနေပြီး အသက် ၁၀ နှစ်သာရှိသေးသည့် ယောက်ျားလေးများကို စစ်သားအဖြစ်အဓမ္မခိုင်းစေမှုများပင်ရှိနေ ကြောင်းလည်း ယင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်အတွင်းတွင် စတင်ဖြစ်ပွားခဲ့သော ယီမင်ပြည်တွင်းစစ်ကြောင့်လက်ရှိအချိန်ထိ လူပေါင်း ၆၂၀၀ ခန့်အသက်ဆုံးရှုံးခဲ့ရပြီးပြီဖြစ်ပြီး လူပေါင်းများစွာမှာ လူသားချင်းစာနာမှု အခွင့်အရေး ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။

တစ်ရက်လျှင် အနည်းဆုံးကလေးငယ် ၆ ဦး မှာအသတ်ခံရခြင်း၊ သို့မဟုတ်ထိခိုက်ဒဏ်ရာရရခြင်းများနှင့်ကြုံတွေ့နေရ ကြောင်းနှင့် စစ်ပွဲကြောင့် သေဆုံးရသည့်ကလေးငယ် စုစုပေါင်းမှာ ၉၃၄ ဦးထိရှိပြီဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ၁၃၅၆ ဦးအထိ ရှိကြောင်း UNICEF ကပြောကြားခဲ့ကာ ထိုကိန်းဂဏန်းမှာအပေါ်ယံမြင်သာသည့် ကိန်းဂဏန်းသာရှိသေးသည်ဟုလည်း ပြောကြားသည်။

ယီမင်ရှိ ပြည်နယ် ၂၂  ခုနှစ်အနက်မှ ထက်ဝက်ခန့်တွင် အဆာရေစာပြတ်လပ်နေပြီး စုစုပေါင်း လူ ၁၃ သန်းခန့်မှာ စားနပ်ရိက္ခာထောက်ပံ့မှုလိုအပ်လျှက်ရှိသည်ဟု ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က ပြီးခဲ့သောအပတ်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly