အက်သလက်တီကို နည်းပြဟောင်း အင်းနရစ်ဆန်းချက်ဇ်ဖလောရက်စ်ကို နည်းပြအဖြစ် ၀က်ဖို့ဒ် ခန့်အပ်

အက်သလက်တီကို နည်းပြဟောင်း အင်းနရစ်ဆန်းချက်ဇ်ဖလောရက်စ်ကို နည်းပြအဖြစ် ၀က်ဖို့ဒ် ခန့်အပ်

အင်္ဂလန်၊ ဇူလိုင် ၁။ ။ ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့သည့် ဝက်ဖို့ဒ်အသင်းသည် အက်သလက်တီကို နည်းပြဟောင်း အင်းနရစ်ဆန်းချက်ဇ်ဖလောရက်စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဝက်ဖို့ဒ်အသင်းသည် ၁၂ လအတွင်း ငါးယောက်မြောက် နည်းပြအပြောင်းအလဲ ပြုလုပ်ခြင်းဖစ်သည်။ ပရီးမီးယားလိဂ်သို့ တန်းတက်အောင် ပြုလုပ်ပေးနိုင်ခဲ့သည့် ဆားဘီးယားလူမျိုးနည်းပြ ဂျိုကာနိုဗစ်မှာ စာချုပ်ကိစ္စဆွေးနွေးရာတွင် အဆင်မပြေသည့်အတွက် အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ဖလောရက်စ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

၁၂ လအတွင်း ငါးယောက်မြောက်နည်းပြ ဖြစ်လာသော်လည်း စိုးရိမ်ပူပန်မှု မရှိကြောင်းနှင့် ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင်သန်နိုင်မည်ဟု ယုံကြည်ကြောင်း ဖလောရက်စ်က ပြောသည်။

'ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ဖို့ပါ။ အင်္ဂလန်မှာ အလုပ်လုပ်ရမယ့်အတွက် အလွန်ပျော်ရွှင်မိပါတယ်။ ပရိသတ်တွေအတွက် ထူးထူးခြားခြား ပြုလုပ်ပေးချင်ပါတယ်။ ပရိသတ်တွေနဲ့ ပူးပေါင်းပြီး ကြီးမားတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးမှာပါ။ ပရိသတ်တွေ ကွင်းထဲက ပြန်သွားတဲ့ အချိန်မှာ ဒီနေ့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေ့တစ်နေ့ဖြစ်တယ်လို့ ခံစားရအောင် ပြုလုပ်ပေးလိုပါတယ်' ဟု ဖလောရက်စ်က ပြောသည်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် ဖလောရက်စ်သည် ဂီတာဖေး၊ ဗလင်စီယာ၊ အက်သလက်တီကိုနှင့် အယ်လ်အာလီအသင်းတို့ကို နည်းပြခဲ့ဖူးပြီး အက်သလက်အသင်းနှင့်အတူ ယူရိုပါလိဂ်ဖလားကို ရရှိသည်အထိ အောင်မြင်ခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly