ရေးချင်တာရေးပြီး ပြည်သူတွေအတွက်လို့ ပြောနေတဲ့ မီဒီယာတွေကို ဘယ်လို အရေးယူမလဲ

ရေးချင်တာရေးပြီး ပြည်သူတွေအတွက်လို့ ပြောနေတဲ့ မီဒီယာတွေကို ဘယ်လို အရေးယူမလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်မှာနေတဲ့ မကေဇင်သိမ်း ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တာကတော့ သူဟာ စာဖတ်ဝါသနာပါသူ တစ်ဦးဖြစ်ပြီး သတင်းစာနဲ့ ဂျာနယ်တွေကို နေ့စဉ် ဖတ်ရှုသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ စာရေးရခြင်းကတော့ မတ်လဆန်းမှာ ထွတ်ခဲ့တဲ့ ဂျာနယ်တစ်စောင်ပါ သတင်းကို ဖတ်ပြီး သူ့စိတ်ထဲမှာ မရေးရမနေနိုင် ဖြစ်ခဲ့တာကြောင့် ရေးခဲ့တာဖြစ်လို့ ဖော်ပြပေးစေချင်ပါတယ်လို့ ပြောပါတယ်။

စာဖတ်ဝါသနာပါသူပီပီ မီဒီယာကို နားလည်ထားတာက သတင်းမှန်တွေကို ပြည်သူတွေသိ အောင် ဖော်ပြပေးတာလို့ သိထားပါတယ်။ အခုထွက်ရှိနေတဲ့ ဂျာနယ်တချို့ဟာ ကျင့်ဝတ်နဲ့မညီတဲ့ အရေးအသားနဲ့ အကြောင်းအရာတွေကို လက်လွတ်စပယ် ရေးသားဖော်ပြနေတာက မဖြစ်သင့်ပါဘူး လို့ ရေးပါတယ်။ ဖော်ပြတဲ့ ဂျာနယ်ကို တာဝန်ယူထားသူတွေအနေနဲ့ သူတို့စိတ်ထဲမှာ ဒီလိုရေးလိုက် ရင် ဒီလိုဖော်ပြလိုက်ရင် လူတွေ စိတ်ဝင်စားမယ်။ ဂျာနယ် ပိုရောင်းရမယ်လို့ထင်ပြီး ရေးသားဖော်ပြကြ ပေမယ့် အမှန်တကယ်မှာတော့ စောင်ရေလည်း မတိုးပါဘူး။ လူအများလည်း စိတ်ဝင်စားမှု မရှိပါဘူး။ ဒါပေမယ့် ဖတ်မိသူရှိရင် ဗဟုသူတမရှိသူတွေက တကယ်ထင်သွားပြီး အတွေ့အကြုံရှိသူတွေဆိုရင် တော့ မီဒီယာကို ရွံမုန်းပြီး အထင်သေးသွားနိုင်တယ်လို့ ပြောပါတယ်။

ဒီလိုမျိုးတွေ အများအပြားထဲက သူဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကိုပဲ ဥပမာပေးပြီး ပြောလိုပါတယ်။ ခေါင်းစဉ်တပ်ထားတာက မျိုးချစ်ကာကွယ်ရေးအဖွဲ့ကို ထောက်ပံ့ပေးဖို့ ကာကွယ် ရေးဦးစီးချုပ်နဲ့ စကားပြောမယ်ဆိုပြီး ဖော်ပြထားတာပါ။ နိဒါန်းမှာ ရေးထားပုံကိုလည်း ကြည့်ပါဦး။ "နိုင်ငံတော် အာဏာလွှဲဖို့ သိပ်မလိုတော့တဲ့အချိန်မှာ မျိုးချစ်အမည်ခံ လူတစ်စုက အမျိုးသားရေး လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် အာဏာလွှဲပြောင်းမှုကို ထိခိုက်နိုင်မလားဆိုတာ စိုးရိမ်စရာ ရှိလာပါတယ်။

မျိုးချစ်အမည်ခံတွေဟာ မကြာခင် အစိုးရသက်တမ်း ကုန်တော့မယ့် သမ္မတဦးသိန်းစိန်ရဲ့ အမာခံ ကေဒါတွေအဖြစ် သူတို့ကိုယ်သူတို့ ပေါ်ပေါ်တင်တင် ညွှန်းဆိုထားကြ သလို ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ဆန့်ကျင်သူတွေ အဖြစ် လည်း ကိုယ်စားပြုနေကြပါတယ်လို့ ရေးထားတာ ဖတ်လိုက်ရတော့ သူ့ရဲ့ စာဖတ်အတွေ့အကြုံအရ ရေးသူဟာ တစ်ခုခုဘက်ကို အလေးထားပြီး ရေးသားဖော်ပြပေးချင်တာကို သိလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီနိဒါန်းမှာပဲ ဆက်ရေးထားတာက ဒီအဖွဲ့ကပဲ သမ္မတ ဦးသိန်းစိန်ကို မတ်လ ၅ ရက်မှာ ရှစ်ခိုးဦးခိုက်ကြမှာ ဖြစ်သလို နောက် တစ်နေ့မှာတော့ မျိုးချစ်ကာကွယ်ရေးအဖွဲ့ အမည်ခံ အစည်းအ ဝေးကို နေပြည်တော်မှာ ကျင်းပပြီး သူတို့ကို ကျောထောက်နောက်ခံပေးဖို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးဖို့ ကြိုးစားနေပါတယ်လို့ ရေးထားတာက နိုင်ငံအတွက် အလွန် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် ရေးသူဟာ အတွေးအမြင်ဆောင်းပါး၊ အင်တာဗျူးမဟုတ်ဘဲ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို ဦးတည်ပြီး လူမှုကွန်ရက်ကနေတစ်ဆင့် ဆက်သွယ်စည်းရုံးမှုတွေ ပြုလုပ်နေသူတစ်ဦးကို ဆက်သွယ် မေးမြန်းတာကို ဖော်ပြထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ရဲ့ အင်တာဗျူးကို အကျဉ်းချုံးပြောရရင်တော့ မျိုးချစ်ကာကွယ်ရေးအဖွဲ့ကို ကာကွယ်ရေး အဓိကထားပြီး လုပ်မယ်။ လက်နက်ကိုင်တွေကို အရန်အင်အားတစ်ရပ်အနေနဲ့ တိုက်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာလို့ ရေးမေးထားတဲ့အပြင် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြောဆိုညှိနှိုင် းမယ်လို့ ရေးထားတာကို ဖတ်ပြီး မသိတဲ့သူဆိုရင် တကယ်လား ထင်သွားစရာ ရှိပါတယ်။

သူသိရသ လောက်တော့ သမ္မတကြီးကို ကန်တော့တဲ့ပွဲကို ကာချုပ် မလာတဲ့အပြင် တပ်က အသိ အဆင့်မြင့် အရာရှိကြီးအချို့ကို မေးကြည့်တဲ့အခါ သူတို့သိတောင် မသိပါဘူးလို့ ပြောပါတယ်။ ဖော်ပြ ထားတဲ့ အင်တာဗျူးကို ဖတ်ပြီး သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိသလို စိုးရိမ်မိပါတယ်။ လူမှုကွန်ရက်မှာ ရေးကြ ပြောကြတာကို ဖေ့ဘုတ်သုံးသူတစ်ယောက်အနေနဲ့ နေ့စဉ် ဖတ်နေလို့ သူသိပါတယ်။

ရေးတဲ့သူ တွေထဲမှာ တကယ့် နိုင်ငံရေးကို နားလည်တက်ကျွမ်းလို့ ရေးကြသူတွေပါသလို တချို့တွေဟာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိဘဲ မိမိဆန္ဒ၊ မိမိအတ္တကို ရှေ့တန်းတင်ပြီး ဖော်ထုတ်ရေးသားနေကြ တာပါ။ သူဖတ်ရတဲ့ အင်တာဗျူးဟာ အိမ်မက်တစ်ခုကို ဖော်ပြပေးတာဖြစ်တဲ့အပြင် မေးသူအနေနဲ့ လည်း မိမိလိုချင်တဲ့ လမ်းကြောင်းကို ဦးတည်အောင် ရည်ရွယ် နမိတ်ပြမေးခွန်းတွေ မေးခဲ့တာကို အထင်ရှား ပြင်နေရပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံကို တကယ်ချစ်ပြီး ကာကွယ်ချင်တယ်ဆိုရင် တပ်မတော်ထဲ ဝင်ပါ။ ကျန်းမာရေးကောင်းရင် သတ်မှတ်တဲ့ အသက်အပိုင်းအခြားကို ပြည့်မီရင် ဝင်လို့ရပါတယ်။ နိုင်ငံတော် အာဏာ လွှဲပြောင်းရေးကိုလည်း နှစ်ဖတ်တာဝန်ရှိသူတွေက အဆင်ပြေအောင် လုပ်သွားမှာ ဖြစ်ပါ တယ်။ ဒီလိုလုပ်ကြတာကို မီဒီယာတွေက အရှိကိုအရှိတိုင်း အမြင်အတိုင်း ဖော်ပြပေးရင် မီဒီယာ တာဝန်ကျေပါ တယ်။ ပြည်သူတွေက တိကျမှန်ကန်တဲ့ သတင်းတွေပဲ ဖတ်ချင်ပါတယ်။ မလိုအပ်တဲ့ အကြောင်းအရာတွေ မဖော်ပြနိုင်အောင် အစိုးရသစ်အနေနဲ့ တားဆီးကာကွယ်ပေးစေ လိုကြောင်း ရေးလာ တဲ့စာကို ဖော်ပြပေးပါရစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly