တပ်မတော်ကို ကျေးဇူးရှင်အဖြစ် တစ်သက်လုံးခံယူသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

တပ်မတော်ကို ကျေးဇူးရှင်အဖြစ် တစ်သက်လုံးခံယူသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

ရန်ကုန်၊ မတ်လ ၂၈ ရက် ။ ။ တစ်ရက်စစ်သားဖြစ်ပါက ထာဝရစစ်သားဖြစ်သည်ဆိုသည့်စကားအတိုင်း တပ်မတော်ကို မိမိတို့၏ကျေးဇူးရှင်အဖြစ် တစ်သက်လုံးခံယူသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အငြိမ်းစားအရာရှိကြီးများအား တင်ပြခဲ့သည်။

မတ်လ ၂၇ ရက် တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများအား ဂါရဝပြုစဉ် ပြောဆိုခြင်းဖြစ်သည်။

"မိမိတို့တပ်မတော်အား လက်ရှိအခြေအနေရောက်သည်အထိ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် တပ်မတော် အကြီးအကဲ ဟောင်းများ၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအဖြစ် ရှေ့မှ ဦးစီးဦးဆောင်ပြုပြီး ပြသခဲ့မှုများကြောင့်ဖြစ်၍ ကျေးဇူး မမေ့ပါ ကြောင်း၊ တပ်မတော်၏အမိအဖများပင်ဖြစ်၍ မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင် ပြုစုစောင့်ရှောက်ခွင့်ရသည်ဟု ခံယူပါ ကြောင်း" လည်း ပြောဆိုသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပ်မတော်ခေါင်းဆောင်များက တပ်မတော်အကြီးအကဲဟောင်းများကို ဂါရဝပြုသည့် ယင်းအခမ်းအနားသို့ တပ်မတော်အငြိမ်းစားအရာရှိကြီး ၃၉ ဦးနှင့် ဇနီး ၁၄ ဦးတို့ ကန်တော့ခံ တက်ရောက်ကြသည်။

တပ်မတော်အငြိမ်းစားအရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်သူရစောဖြူ၊ ဗိုလ်မှူးချုပ်တင့်ဆွေ၊ ဗိုလ်မှူးချုပ်လှထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်တို့က ဆုံးမဩဝါဒနှင့် ဆုမွန်ကောင်းစကားများ ပြန်လည်ပြောကြားကြသည်။

နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် ဇနီးတို့သည် ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုလျက်ရှိသော တပ်မတော် အငြိမ်းစား အရာရှိကြီးများထံ သွားရောက်၍ တစ်ဦးချင်းစီ လိုက်လံတွေ့ဆုံပြီး ဂါရဝပြုနှုတ်ဆက်စကား ပြောခဲ့သည်ဟု သိရသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required