တောမီးလောင်ကျွမ်းရာမှ နေအိမ်များ မီးကူးစက်လောင်ကျွမ်း

တောမီးလောင်ကျွမ်းရာမှ နေအိမ်များ မီးကူးစက်လောင်ကျွမ်း
ဓာတ်ပုံ ဗိုလ်ပြည့် ( တောင်တွင်းကြီး )

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာအုပ်စု၊ အိုးပေါက်(ဘူတာ)ကျေးရွာတွင် ယနေ့ မတ်(၂၇)ရက် နေ့လည်(၁၁)နာရီခွဲအချိန်ခန့်တွင် တောမီးလောင်ကျွမ်းရာမှ စတင်ကာ အဆိုပါကျေးရွာ ရှိ နေအိမ်များသို့ မီးပွားကြကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်တွင်ကြီးမီးသတ်ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါတောမီးသည် အိုးပေါက်ရွာ ဦးထွန်းနိုင်နေအိမ်ပေါ်သို့ မီးပွားကျကာ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦး မေးမြန်းချက်များအရ သိရသည်။

မီးလောင်မှုကြောင့် နေအိမ်(၂၀)လုံးခန့် ၊ အခြားအဆောက်အဦး(၁၀)လုံးခန့် ၊ စုစုပေါင်း အဆောက်အဦး(၃၀)လုံးခန့် မီးလောင်ကျွမ်းခဲ့ရပြီး ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မွန်းလွဲ(၁၂)နာရီ (၃၀)မိနစ်အချိန်ခန့်တွင် မီးညွန့်ကျိုးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

  အဆိုပါကျေးရွာသည် မီးရထားလမ်းတစ်ခုတည်းသာ သွားလာနေရသော လမ်းပန်းဆက်သွယ်ရေးဖြစ်ပြီး မီးသတ်ယာဉ် ၊ ရေသယ်ယာဉ်များ သွားလာရန် ကားလမ်း
လုံးဝမပေါက်သောကြောင့် တောင်တွင်းကြီးမြို့မှ မီးသတ်ကား ၃စီး၊ဆတ်သွားရွာမှ မီးသတ်ကား ၁စီး သွာရောက်ခဲ့သော်လည်း ကုက္ကိုကုန်းရွာအထိသာ သွားနိုင်ခဲ့ကြောင်း  တောင်တွင်းကြီး မီးသတ်ဦးစီးဌာနက မဇ္ဈိမသို့ပြောသည်။

"အခုအချိန်အထိ ဒီကသွားတဲ့ တာဝန်ရှိသူတွေ ပြန်မရောက်သေးတော့ သတင်အချက်အလက် အတည်ပြုချက် အတိအကျ ပေးမရသေးပါ"ဟု တောင်တွင်းကြီး မီးသတ်ဦးစီးဌာနမှပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly