ကျောက်မျက်ဥပဒေဆိုင်ရာ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ တင်သွင်းမည်

ကျောက်မျက်ဥပဒေဆိုင်ရာ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ တင်သွင်းမည်

မြန်မာနိုင်ငံ၏ ကျောက်မျက်ဥပဒေအတွက် နည်းဥပဒေလုပ်ထုံးလုပ်နည်းများအား တင်သွင်းပြဌာန်းရန် ရေးဆွဲလျက်ရှိနေကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ ကျောက်မျက်ဥပဒေ အသက်ဝင်လာစေရေးအတွက် စည်းမျဉ်းဥပဒေလုပ်ထုံးလုပ်နည်းများကို ဧပြီနှောင်းပိုင်းတွင် ရေးဆွဲမှု အပြီးသတ်နိုင်ရန် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရွှေနှင့် စိန် ပြည်ပတင်ပို့မှုအတွက်ပါ တရားဝင်အာမခံခွင့်ပြုချက် ချထားပေးနိုင်ရေးအတွက်လည်း စည်းမျဉ်းများဥပဒေများ ရေးဆွဲလျက်ရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဖြစ်သူ ဦးထွန်းလှအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်က ကျောက်မျက်ဥပဒေအား ရေးဆွဲပြဌာန်းခဲ့သော်လည်း နည်းဥပဒေလုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်းနိုင်ခြင်း မရှိသေးပေ။

အချောမကိုင်ရသေးသည့် ကျောက်မျက်ရတနာများ တင်ပို့မှုတွင် ဥပဒေအားဖြင့် အခွန်နှုန်းထားအား ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေးအတွက်လည်း သတ္ထုတွင်းဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ကျောက်မျက်ဥပဒေအရ အကြမ်းထည်ကျောက်မျက်ရတနာများတင်ပို့မှုတွင် အခွန် ၃၀ ရာခိုင်နှုန်း ပြဌာန်းထားခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ ပြည်ပမှ ဝယ်ယူမှုတွင် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က အကြီးဆုံး ဝယ်လက်နိုင်ငံများ ဖြစ်သည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၅ သန်းအထိ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly