ဖူးခက်ကမ်းခြေတွင် နိုင်ငံခြားသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ

ဖူးခက်ကမ်းခြေတွင် နိုင်ငံခြားသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ

ဖူးခက်၊ မတ် ၂၆ ။            ။ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် မတ် ၂၆ ရက် နံနက်ပိုင်းက နိုင်ငံခြားသားအမျိုးသားတစ်ဦး၏ သေဆုံးလျက်ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိသည်။

မည်သူမည်ဝါ မသိရသေးသည့် အသက် ၅၀ အရွယ် နိုင်ငံခြားသား၏ ဖူယောင်နေသည့် အလောင်းအား ချိုယန်းသာလေးကမ်းခြေနေရာတွင် တွေ့ခြင်းဖြစ်ကြောင်း ရဲမှူး နိုးဖာယတ်က ပြောသည်။

ကမ်းခြေတစ်လျှောက် လေ့ကျင့်ခန်းလုပ်နေသည့် နိုင်ငံခြားသားတစ်ဦးက အလောင်းကို စတင်တွေ့ပြီး နံနက် ၇ နာရီခန့်တွင် ရဲစခန်းသို့ သတင်းရောက်လာခြင်းဖြစ်သည်။

သေဆုံးသူနိုင်ငံခြားသားမှာ တီရှပ်နှင့် ဘောင်းဘီတိုဝတ်ဆင်ထားပြီး ရုပ်အလောင်း၏ အနေအထားအရ ရုန်းရင်ဆန်ခတ်ဖြစ်ထားသည့် လက္ခဏာမတွေ့ရကြောင်း ရဲမှူးနိုဖာယတ်က ပြောသည်။

အလောင်းတွင် အထောက်အထားတစ်စုံတစ်ရာမှ မတွေ့ရဘဲ ဘတ်ငွေ ၉၀ ကိုသာ တွေ့ရှိရသည်။ အလောင်းတွေ့ရှိချိန်တွင် ၎င်းသေဆုံးသည်က အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီကြားတွင် ဖြစ်နိုင်ကြောင်း ရဲမှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly