​ရွေး​ကောက်​ပွဲနှင်​့ ပြည်​လုံးကျွတ်​ဆန္ဒခံယူပွဲ ပူးတွဲပြုလုပ်​နိုင်​

​ရွေး​ကောက်​ပွဲနှင်​့ ပြည်​လုံးကျွတ်​ဆန္ဒခံယူပွဲ ပူးတွဲပြုလုပ်​နိုင်​

အခုနှစ် နိုဝင်ဘာလဆန်းထဲမှာကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ရက်က လွှတ်တော်မှာ အတည်ပြုထားတဲ့ ပုဒ်မ ၅၉(ဃ)ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုပါ ပူးတွဲကျင်းပသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအစပိုင်းမှာ ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပတာဟာ ဘဏ္ဍာငွေကုန်ကျမှုလည်း သက်သာနိုင်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားသွားမယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူရမယ့် ဖွဲ့စည်းပုံအဃြေံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ ၅၉(ဃ)ပြဌာန်းချက်အနေနဲ့ နိုင်ငံတော်သမ္မတဟာ ကာကွယ်ရေးအမြင်ရှိရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly