နိုင်ငံပိုင်ဝက်ဘ်ဆိုက်တွင် သမ္မတရှီကျင့်ဖျင် နှုတ်ထွက်ရေး တိုက်တွန်းစာ ထွက်ပေါ်ပြီးနောက် လူ ၂၀ အား ဖမ်းဆီးထား

နိုင်ငံပိုင်ဝက်ဘ်ဆိုက်တွင် သမ္မတရှီကျင့်ဖျင် နှုတ်ထွက်ရေး တိုက်တွန်းစာ ထွက်ပေါ်ပြီးနောက် လူ ၂၀ အား ဖမ်းဆီးထား

ပေကျင်း၊ မတ် ၂၆ ။               ။ တရုတ်နိုင်ငံတွင် သမ္မတရှီကျင့်ဖျင်အား ရာထူးမှ အနားယူရန် တိုက်တွန်းသည့် စာဖြန့်ဝေခဲ့မှုဖြစ်ပွားပြီးနောက် လူပေါင်း ၂၀ ဖမ်းဆီးထားကြောင်း ဘီဘီစီက သတင်းကြားသိရသည်။

နိုင်ငံပိုင်ဝက်ဘ်ဆိုက်ဖြစ်သည့် Wujie News တွင် မတ်လအစောပိုင်းက ယင်းစာအား ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းစာကို အာဏာပိုင်များက ချက်ချင်းအလျင်အမြန် ဖြုတ်ချလိုက်နိုင်သော်လည်း အမေးအမြန်းရှိလာလျှင် သက်သေအဖြစ် ဆုံးဖြတ်နိုင်ရန် Google က သိမ်းဆည်းသိုလှောင်ထားသော cached version အဖြစ် အွန်လိုင်းတွင် ရှိနေဆဲဖြစ်သည်။

ဖမ်းဆီးထားသူများအနက် သတင်းကော်လံစားတစ်ဦးဖြစ်သူကို ပြန်လွှတ်ပေးလိုက်ဖွယ်ရှိသော်လည်း အများစုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ယူဆဖွယ်ရှိသည်။

အွန်လိုင်းတွင် ရှိနေဆဲယင်းစာ၌ “ခင်မင်ရသော ရဲဘော်ရဲဖက် ရှီကျင့်ဖျင်၊ ကျွန်တော်တို့က ကွန်မြူနစ်ပါတီဝင်များပဲဖြစ်တယ်။”ဟု အစပျိုးရေးသားထားသည်။

“ခင်ဗျားအနေနဲ့ ပါတီစုက ထွက်ကာ နိုင်ငံခေါင်းဆောင်နေရာက အနားယူလိုက်ဖို့ ဒီစာကနေတစ်ဆင့် ကျွန်တော်တို့ တိုက်တွန်းရေးသားလိုက်တာပဲဖြစ်တယ်။”ဟု ယင်းစာတွင် ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly