အငြင်းပွားကူရိုင်းကျွန်းများပေါ်တွင် ရုရှားက လက်နက်သစ်များချထားမည်ဟုဆို

အငြင်းပွားကူရိုင်းကျွန်းများပေါ်တွင် ရုရှားက လက်နက်သစ်များချထားမည်ဟုဆို

မော်စကို၊ မတ် ၂၅ ။               ။ မော်စကိုနှင့် တိုကျိုတို့က ပိုင်ဆိုင်သည်ဟု အပြိုင်အဆိုင်ပြောကြားလျက်ရှိသော ကူရိုင်းကျွန်းများပေါ်သို့ နောက်ဆုံးပေါ်အသစ်စက်စက် ဒုံးကျည်ကာကွယ်ရေး စနစ်များနှင့်  ဒရုန်းလေယာဉ်များ ယခုနှစ်တွင် ချထားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူက မတ် ၂၅ တွင် ပြောသည်။

ရုရှားတွင် ကူရိုင်းဟု ခေါ်ဆိုပြီး ဂျပန်တွင် မြောက်ပိုင်းနယ်မြေများဟု ခေါ်ဆိုသည် ကျွန်းများနှင့် ပတ်သက်သည့် အငြင်းပွားမှုမှာ ဒုတိယကမ္ဘာစစ်ကတည်းက နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာခဲ့သည်။ ထိုစဉ်က ဆိုဗီယက်တပ်များက ကျွန်းစု၏ တောင်ဘက်ဖျားပိုင်းရှိ ကျွန်းလေးကျွန်းကို သိမ်းပိုက်ခဲ့သည်။ အငြင်းပွားမှုမှာ မကျေမနပ်ဖြစ်လွန်း၍ မော်စကိုနှင့် တိုကျိုကြား ယခုအချိန်အထိ တရားဝင်ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးပေ။

လက်နက်သစ်များမှာ ကူရိုင်းကျွန်းများတွင် တပ်ချထားပြီးဖြစ်သော တပ်ဖွဲ့များအား လက်နက်ပြန်လည်တပ်ဆင်ရန် ကြိုးစားမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။ ၎င်း၏ပြောကြားချက်ကို နိုင်ငံပိုင် ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။ ပင်လယ်ကမ်းရိုးတန်းဒုံးကျည်စနစ်များဖြစ်သော Balနှင့် Bastion၊ မျိုးဆက်သစ်ဒရုန်း Eleron 3 တို့ကို ယခုနှစ်အတွင်း ကူရိုင်းတွင် ချထားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly