မန်းလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်တာ အသုံးစရိတ်ကို မီးသင့်ကျောင်းဆောက်ရန်လှူ

မန်းလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်တာ အသုံးစရိတ်ကို မီးသင့်ကျောင်းဆောက်ရန်လှူ
ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ မတ် ၂၅ ။            ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ရရှိသောအသုံးစရိတ် တစ်သောင်းခွဲကျပ်ကို ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ကျေးရွာရှိ မီးလောင်ခဲ့သည့် မင်းကန်တွဲဖက်အထက်တန်းကျောင်းပြန်လည်တည်ဆောက်နိုင်ရန် လှူဒါန်းသွားမည်ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကပြောသည်။

အဆိုပါ မင်းကန်အထက်တန်းကျောင်းသည် ဖေဖော်ဝါရီ ၁၇ ရက်၊ညနေ ပိုင်းကမီးလောင်ရာ ပေ ၁၂၀၊၃၀ ပေ၊ ၁၀ခန်းတွဲ အဆောက်အဦးမှာမီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

"လွှတ်တော်နားရက်တစ်ရက်ရက်မှာ သွားရောက်လှူဒါန်းမှာပါ။"ဟု ဦးအောင်ကျော်ဦးကပြောသည်။

ပုသိမ်ကြီးမြို့နယ်၊မဲဆန္ဒနယ်၊အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက "ကျွန်တော့်မြို့နယ်ထဲက ကျောင်းလေးမီးလောင်သွား တာပြန်ဆောက်ဖို့လှူချင်တယ်လို့ပြောတော့ အားလုံးက ဒီနေ့ရတဲ့အသုံးစရိတ် လှူကြတယ်။တကယ်ဝမ်းသာတယ်။" ဟုပြောသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ၇၆ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly