တောင်သူများ ဂျင်းအခြောက်များပြုလုပ်၍ ရောင်းချလာရ

တောင်သူများ ဂျင်းအခြောက်များပြုလုပ်၍ ရောင်းချလာရ
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဂျင်းစိုက်ခင်းကို ၂၀၁၆ခုနှစ် မတ် ၂၂ရက်နေ့ကတွေ့ရစဉ်။( ဓာတ်ပုံ- AMIA)

အောင်ပန်း၊ မတ် ၂၅ ။          ။ ကုန်သည်များက အခြောက်ခံပြီးသား ဂျင်းများ ကိုသာ ဝယ်ယူနေသည့်အတွက် တောင်သူများက ဂျင်းအခြောက်များပြုလုပ်၍ ရောင်းချလာရကြောင်း ရှမ်းပြည်တောင်ပိုင်း ဂျင်းစိုက်ပျိုးထုတ်လုပ်သူများကပြောသည်။

လတ်တလောတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ၊ဟဲဟိုးမြို့နယ် ရှိ ဂျင်းစိုက်တောင် သူများ အနေဖြင့် ဂျင်းတစ်ပိဿာလျှင် ခြောက်ရာကျပ်သာရရှိနေသည့်အတွက် အဆွဲများသည့် ဂျင်းခြောက်များကိုသာ ပြုလုပ်ရောင်းချနေရခြင်းဖြစ်ကြောင်း တောင်သူများက ဆိုသည်။

အောင်ပန်းကုန်စည်ဒိုင်မှ  ဦးစိုးညွှန့်ရွှေက “အခြောက်က ကျတော့ အထား လည်းခံတယ်၊ဈေးလည်းမဆိုးဘူးပေါ့ ၊ဝယ်လက်က လည်းသဘောကျတယ်”ဟု ဆိုသည်။

ဂျင်းအခြောက်တစ်ပိသာလျှင် နှစ်ထောင်ကျော်ဝန်းကျင် ရသော်လည်း ဂျင်း အခြောက် တစ်ပိသာ ရရှိရန် အစိုလေးပိသာခန့်ကို       ပေါင်းတင်ခြင်း နေလှမ်းခြင်းတို့ကိုပြုလုပ်ရကြောင်း တောင်သူများက ဆိုသည်။

“အခြောက်ခံရတာက ကရိကထ များတယ် ဂျင်းတွေကိုမီးနဲ့ ပေါင်းပြီး ၁၅ ရက်လောက် အခြောက်လှမ်းရတော့ အလုပ်တွေ ပိုရှုပ်တာပေါ့”ဟု ကလောမြို့ နယ် ဂျင်းစိုက်တောင်သူ ဦးသန်းမြိုင်ကပြောသည်။

အဆိုပါဒေသခံ တောင်သူများသည် အောင်ပန်းမြို့ကုန်စည် ဒိုင်ကို သွားရောက်ရောင်းချ ကြရတာဖြစ်ပြီးဈေးနှုန်းများထပ်ကျမည်ကို စိုးရိမ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly