မြန်မာနိုင်ငံအနှံ့ မီးလောင်မှု ဆက်တိုက်ဖြစ်ပေါ်နေမှုမှာ စဉ်းစားမည့်အချက်ဖြစ်သည်ဟု လွှတ်တော်အမတ်ပြော

မြန်မာနိုင်ငံအနှံ့ မီးလောင်မှု ဆက်တိုက်ဖြစ်ပေါ်နေမှုမှာ စဉ်းစားမည့်အချက်ဖြစ်သည်ဟု လွှတ်တော်အမတ်ပြော

မန္တလေး၊ မတ်၂၄ ။           ။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် သတင်းများထွက်ပေါ်နေသည့် ဒေါက်တာဇော်မြင့်မောင် က မြန်မာပြည်အနှံ့ မီလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ စဉ်းစားရမည့် အချက်တစ်ချက်ဖြစ်နေသည်ဟု မတ် ၂၄ ရက်၊နံနက် ၁၀ နာရီက ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အပြီး မီဒီယာတွေ့ဆုံပွဲတွင်ပြောသည်။

“မီးတွေခဏခဏလောင်နေရတာကလည်း စဉ်းစားရမယ့်အချက်တစ်ချက်ပါ။ မန္တလေး မင်္ဂလာဈေးမီးလောင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ဈေးသူဈေးသားတွေရဲ့ ခံစားချက်တွေကိုနားထောင်ပြီဖြစ်ပါတယ်။ အဲဒီခံစားချက်တွေကို နားထောင်းပြီး  မှဖြေရှင်း လို့ရမှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့မှာဘာလုပ်ပိုင်ခွင့်မှမရှိသေးပါဘူး ဟု၎င်းက ပြောသည်။

ဆက်လက်၍ ဒေါက်တာဇော်မြင့်မောင်က “လောလောဆယ် ကျွန်တော်တို့ အာဏာမရသေးပါဘူး။ မလွှဲသေးပါဘူး။ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ဘာမှမရှိသေးပါဘူး။ လွှတ်တော်ကလည်း ကူးပြောင်းရေးကာလကိုပဲ ဆောင်ရွက်နေတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လည်းမဖွဲ့ရသေးပါဘူး။ လွှတ်တော်ကလည်း လွှတ်တော်ပဲရှိနေသေးတာပါ။ ဖြစ်နေတဲ့ ဈေးသူဈေးသားတွေကို စာနာတာပေါ့။ စိန်ခေါ်မှုတွေအများကြီးပဲဗျ။ အဲဒီစိန်ခေါ်မှုတွေထဲမှာ အခွင့်အလမ်းတွေလည်းအများကြီး အရေးကြီးတာက ပြည်သူတွေ ကျွန်တော်တို့ နောက်မှာရှိနေဖို့ပဲ။ “ဟု၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly