မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကုန်တင်ကုန်ချဝန်းအတွင်း နေရာငှားထားသည့်လုပ်ငန်းများကိုဖယ်ရှား

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကုန်တင်ကုန်ချဝန်းအတွင်း နေရာငှားထားသည့်လုပ်ငန်းများကိုဖယ်ရှား

ပုသိမ်၊ မတ် ၂၄ ။            ။ ပုသိမ်မြို့၊ အမှတ် ၆ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကုန်တင်ကုန်ချဝန်းတွင် နေရာလုပ်ငန်းငှားရမ်းလုပ်ကိုင်သူများကို တရုတ်ဗုဒ္ဓဘာသာအသင်းသို့ ပေးရန်ဟုဆိုကာ ဖယ်ရှားခိုင်းနေကြောင်း လုပ်ငန်းရှင်များကပြောသည်။

"ကျွန်တော်တို့ စတင်ဌားရမ်းလုပ်ကိုင်တာကြာပြီးအရင်ကပြေစာနဲ့လစာပေးရတယ်၊နောက်ပိုင်းစာချုပ်တွေနဲ့လုပ်တယ်၊ကျွန်တော်တို့ဖယ်ခိုင်းပြီးတော့ တရုတ်ကပြားအသင်းကိုပေးမယ်ဆိုပြီး နည်းမျိုးစုံသုံးလုပ်နေတယ်၊ဖယ်ခိုင်းတော့မြန်မြန်ဖယ်ခိုင်းတယ် "ကားဝပ်ရှော့လုပ်ငန်းးလုပ်ကိုင်သူဦးကျော်ဆွေက ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကုန်တင်ကုန်ချဝန်းအတွင်း ဌားရမ်းလုပ်ကိုင်သူများနှင့်ပတ်သက်ပြီး ဖယ်ရှားလုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊တိုင်းဆိပ်ကမ်းအာဏာပိုင် ဦးကိုကိုနိုင်က မီဒီယာများ၏မေးမြန်းမှုကို  ဖြေဆိုရန်ငြင်းဆိုခဲ့သည်။

"သူတို့ နည်းလမ်းစုံနဲ့ဖယ်ရှားဖို့လုပ်နေတာ၊ဥပဒေနဲ့အညီဖယ်ရှားဖို့ဆောင်ရွက်တာလည်းမဟုတ်ဘူး၊ကျွန်တော်တို့က နည်းလမ်းသုံးဖယ်ရှားတာကိုမလိုချင်ဘူး၊ကျွန်တော်တို့က ညှိနှိုင်းမယ် ဖြေရှင်းမယ်" ဟု ဝန်းအတွင်းဌားရမ်းလုပ်ကိုင်သူ၁၁ဦးအတွက် လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေနေ့ဦးတင်ထွဋ်အောင်က ပြောသည်။

ပုသိမ် မြို့တွင် တရုတ်ကပြာအသင်းရှိသည်ကို မကြားဘူးကြောင်း ဒေသခံများကဆိုသည်။

ဆိုင်ရှင်၁၁ဦးမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆီသို့ နို့တစ်စာပို့ပြီးမြေနေရာအားပြန်ရှင်းပေးရန် အကြောင်းကြားစာများအား နှစ်ကြိမ်တိုင်ပေးပို့ခဲ့ပြီး၊၂၀၁၆ခုနှစ်မတ်တွင် နောက်ဆုံးအကြိမ်ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ပုသိမ်မြို့မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကုန်တင်ကုန်ချဝန်းသည် ဧရိယာဝ.၈၄၅ဧက ကျယ်ဝန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly