တီဘီရောဂါ တိုက်ဖျက်ရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်သွားမည်

တီဘီရောဂါ တိုက်ဖျက်ရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်သွားမည်
ဓာတ်ပုံ- MOI

ရန်ကုန်၊ မတ် ၂၄ ။              ။ မြန်မာနိုင်ငံအတွင် တီဘီရောဂါ တိုက်ဖျက်ရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်သွားမည်ဟု မတ် ၂၄ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ တီဘီတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တီဘီရည်မှန်းချက် (၂ဝ၃၅) ပြည့်မီနိုင်ရန်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော End TB Strategy ကို အခြေခံကာ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး (၅)နှစ်စီမံကိန်း National Strategic Plan (2016–2020)ကိုရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက် သွားဟု ၎င်းကပြောသည်။

တီဘီရောဂါကြောင့် နှစ်စဉ်တွင် ကမ္ဘာ့ လူဦးရေး သုံးပုံတွင် တစ်ပုံက နှစ်စဉ်ကူးစက်ခံရပြီး၊ တီဘီလူနာ ကူးစက်ခံရသူ ၉ဒသမ ၆ သန်းခန့် ကူးစက်ခံရပြီး ၁ဒသမ ၅သန်းခန့်သည် သေဆုံးလျှက်ရှိသည် ဟုပြောသည်။

တီဘီရောဂါ ခံစားရသူ အသက် ၁၅နှစ်မှ ၅၄ အရွယ်ရှိသူ အယောက် ၁၀၀ တွင် ၈၀ ရာခိုင်နှုန်းခန့်ဖြစ်ပွားနေသည်ဟု ၎င်းကပြောသည်။

ယင်းအသက်အရွယ်အပိုင်းခြား လူလတ်ပိုင်းများတွင် ဖြစ်ပွားမှု နှုန်းများသောကြောင့် တိုင်းပြည်၏ လူစွမ်းအား အရင်းအမြစ်ကို လျှော့ကျမှု တစ်ရပ် ဖြစ်ပေါ်နေသည်ဟု ၎င်းကသုံးသပ်ပြောဆိုလိုက်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း တီဘီ ၊ HIV ရောဂါ ကူးစက်ခံရသူများတွင် ဆေးယဉ်ပါး မှုသည့် ကျန်မားရေး ပြဿနာ တစ်ရပ် အဖြစ်ရင်ဆိုင်နေရ သည်ဟု ၎င်းကပြောသည်။

၂၀၁၅ ခုနှစ် နှစ်ချုပ် အစီရင်ခံစာအရ HIV ၊ တီဘီရောဂါဖြစ်ပွားသူများတွင် ဆေးယဉ်ပါးမှု ရှာဖွေကုသရေး စီမံချက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ရန်အတွက် လုပ်ငန်း (၃) ရပ်ကိုအကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူနာလေးသောင်ကျော်ကို ရှာဖွေကုသပေးခဲ့ရာ လူနာ ၁၀၀တွင် ၈၃ ရာခိုင်နှုန်း အထိ ကုသပေးနိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း တီဘီ ရောဂါကူးစက်ခံနေရသူများ ကို သက်ဆိုင်ရာ မြို့နယ်များတွင် လိုက်လံရှာဖွေ၍ ဆေးယဉ်ပါမှုကို ကုသပေးနိုင်ရန် ကျန်းမားရေး ဝန်ကြီးဌာနမှ စီစဉ်မှုများ ပြုလုပ်လျှက်ရှိနေပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly