အခွန်နှင့် ကြိုးနီစနစ်ကို လျှော့ချပြီး ယွမ်ကို တည်ငြိမ်အောင်ထိန်းမည်ဟု တရုတ်ဝန်ကြီးချုပ်ပြော

အခွန်နှင့် ကြိုးနီစနစ်ကို လျှော့ချပြီး ယွမ်ကို တည်ငြိမ်အောင်ထိန်းမည်ဟု တရုတ်ဝန်ကြီးချုပ်ပြော

ပိုယောင်း၊ မတ် ၂၄။              ။ အစိုးရအနေဖြင့် အခွန်အခသက်သာရေး၊ ကုမ္ပဏီများနှင့် ပတ်သက်သည့် ရုံးလုပ်ငန်းဝန်ထုပ်ဝန်ပိုးများ လျှော့ချရေးတို့ကို လုပ်ဆောင်သွားမည်ဟု တရုတ်ဝန်ကြီးချုပ်လီကယ်ချန်းက မတ် ၂၄ တွင် ပြောသည်။ သို့သော်လည်း နိုင်ငံမှာ ယင်းသို့ပြုပြင်ပြောင်းလဲမှုမျိုး အတွေ့အကြုံမရှိသဖြင့် စိန်ခေါ်မှုများ ရှိလာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတောင်ပိုင်း ဟယ်နန်ကျွန်းပေါ်ရှိ ပိုယောင်းမြို့တွင် ပြုလုပ်သော ဖိုရမ်တစ်ခုတွင် လီက ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံသည် ၂၀၁၆တွင် အခွန်ယွန်ဘီလျံ ၅၀၀အထိလျှော့ချရန် မျှော်လင့်ထားပြီး တန်ဘိုးထပ်တိုးခွန်စနစ် ပြုပြင်ပြောင်းလဲရေးကို မြင့်တင်မည်ဟု ယခင်ကြေညာချက်ပါအရာများကို ထပ်မံပြောကြားခဲ့သည်။ တရုတ်ကုမ္ပဏီများ ပိုမိုယှဉ်ပြိုင်နိုင်ရေး ပို့ကုန်မြင့်တင်ရန် ယွန်လဲနှုန်းကို လျှော့မည်မဟုတ်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ထို့အပြင် အစိုးရသည် ပိုမိုသေးငယ်သည့် လုပ်ငန်းများဖွံ့ဖြိုးရေး ကူညီလျက်ရှိစဉ် သံမဏိ၊ ကျောက်မီးသွေးနှင့် အခြားကဏ္ဍများ၏ ပိုလျှံထုတ်လုပ်နိုင်စွမ်းကို ဆက်လက်လျှော့ချမည်ဟုလည်း ၎င်းကပြောသည်။

ယင်းသို့လျှော့ချမှုကြောင့် အလုပ်အကိုင်ထိခိုက်မှုကို ထေမိစေရန် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးမည်ဟုလည်း လီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly