မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်း ကွဲလွဲချက် ခုနှစ်ခု ပြည်ထောင်စု လွှတ်တော်ဆွေးနွေးမည်

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်း ကွဲလွဲချက် ခုနှစ်ခု ပြည်ထောင်စု လွှတ်တော်ဆွေးနွေးမည်

နေပြည်တော်၊ ဇွန် ၃၀ ။       ။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် အချက်ခုနှစ်ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်ဆွေးနွေးသွားမည်ဖြစ်သည်။

“မြန်မာဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောကျ်ားတို့၏ ထိမ်းမြားရေး လင်မယားကွာရှင်းရေး ပစ္စည်း ခွဲဝေရေး၊ အမွေဆက်ခံရေး သားသမီးထိန်းသိမ်းရေးတို့နှင့် သက်ဆိုင်သည့် အငြင်းပွားမှုများကို ဥပဒေနှင့် မြန်မာဓလေ့ ထုံးတမ်းဥပဒေတို့နှင့်အညီ ဆုံးဖြတ်ရမည်”ဟု ဦးသိန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော် အစီရင်ခံစာ တင်သွင်းစဉ် ထည့်သွင်းပြောကြားလိုက်သည်။

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက်များကို ဥပဒေကြမ်း ပူပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခြင်းဖြစ်သည်။

ဥပဒေကြမ်းအပိုဒ် ၂၀ အပိုင်ခွဲ(ဂ)ကို ပြည်သူ့လွှတ်တော်က “၎င်းမိန်းမသည် သားသမီးအားလုံးကို အုပ်ထိန်းနိုင်စွမ်း မရှိပါက သားသမီးများ၏ အကျိုးအရှိဆုံး အလို့ငှာ တရားရုံး၏ အဆုံးအဖြတ်ကိုခံယူရမည်”ဟု ပြဌာန်းချက်ကို ပယ်ဖျက်သင့်ကြောင်း အစီရင်ခံစာတွင် တင်သွင်းသည်။

ထို့အပြင် ဥပဒေကြမ်းတွင် ပုဒ်မ ၃၉ “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဥပဒေပြဌာန်းချက်များနှင့် မဆန့်ကျင် သရွှေ့အတည်ဖြစ်သည်ဟု ထပ်မံဖြည့်စွက်ရန် အစီရင်ခံစာတင်သွင်းလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly