မန်းရေနံမြေအတွင်း အမြဲအသုံးပြုမည့် မြေနေရာများအတွက် တောင်သူများကို လျော်ကြေးစပေးပြီ

မန်းရေနံမြေအတွင်း အမြဲအသုံးပြုမည့် မြေနေရာများအတွက် တောင်သူများကို လျော်ကြေးစပေးပြီ

မင်းဘူး၊ မတ် ၂၃ ။              ။ မန်းရေနံမြေအတွင်းရှိ အမြဲအသုံးပြု ဧရိယာတွင် ပါဝင်သော စိုက်ပျိုးမြေများအား မြေယာလျော်ကြေးနှင့် သီးနှံနစ်နှာကြေးငွေများ ပေးအပ်နေပြီဖြစ်ကြောင်း မန်းရေနံမြေ အင်ဂျင်နီယာမှူး (ဆောက်လုပ်ရေး) ဦးအောင်စည်သူသန်းက မဇ္ဈိမကို ပြောသည်။

ဦးအောင်စည်သူသန်းက "ကျနော်တို့ မန်းရေနံမြေ အမြဲတမ်း အသုံးပြုဧရိယာမှာပါဝင်တဲ့ စိုက်ပျိုးမြေ (၃၈၂.၇၅)ဧကအတွက် မြေယာလျော်ကြေးနဲ့ သီးနှံနစ်နာကြေး ငွေကျပ် တစ်သောင်းသုံးရာ ၉,၂၁၆,၉၆၀ ကျပ်  တိတိကို မတ်လ ၂၃ရက်က စပြီး တောင်သူတွေကို မန်းရေနံမြေ လုပ်သားအပန်းဖြေရိပ်သာကြီးမှာ ပေးအပ်နေပါတယ်။" ဟု အတည်ပြုပြောသည်။

ယာမြေအတွက် တစ်ဧကကို ၁၂သိန်း၊ သီးနှံနစ်နှာကြေးအတွက် အမြင့်ဆုံး သီးနှံ နှမ်းထွက်နှုန်း တစ်ဧကကို ၁၀.၁၁တင်းထွက်နှုန်းဖြင့် စံသတ်မှတ်ပြီး ဒေသပေါက်ဈေး တစ်တင်းကို ငါးသောင်းကျပ်နှုန်းဖြင့် သုံးဆတွက်ချက်ကာ ပေးလျော်နေကြောင်း သိရသည်။

မယ့်ဘေ့ကုန်းကျေးရွာမှ အသက်၇၀ခန့်ရှိ တောင်သူမကြီးတစ်ဦးက "လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်လောက်က ယာမြေတွေ သိမ်းပြီး ရေနံတွေတူးဖော်ခဲ့ကြတာ အခုလိုလျော်ကြေးတွေရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အခုတော့ လက်တွေ့ရပါပြီ" ဟုပြောသည်။

မကွေးတိုင်းအတွင်း ကျောက်စံ၊ မန်းကျိုး၊ ကန်ရေ၊ ကျီးပင်ကန်၊ ကြာကန်၊ ရွာသာ၊ မယ်ဘေ့ကုန်းကျေးရွာအုပ်စုများနှင့် အမှတ်၄ ရပ်ကွက်အတွင်းရှိ ယာမြေများအတွင်းမှ မန်းရေနံမြေ အမြဲတမ်းအသုံးပြု ဧရိယာတွင် ပါဝင်သော စိုက်ပျိုးမြေ(၃၈၂.၇၅)ဧကအတွက် မြေယာလျော်ကြေးနှင့် သီးနှံနစ်နာကြေး ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly