စလင်းမြို ့နယ်တွင် ကျွဲ နွား တိရိစ္ဆာန် သောက်သုံးရေများ ကုန်ခမ်းစပြု လာ

စလင်းမြို ့နယ်တွင် ကျွဲ နွား တိရိစ္ဆာန် သောက်သုံးရေများ ကုန်ခမ်းစပြု လာ
ဓာတ်ပုံ-ဒေါင်းလူ

စလင်း မတ် ၂၃ ။            ။ မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာအုပ်စု ရစ်ပြင်ကျေးရွာ တွင် ကျွဲ နွား ဆိတ်များအတွက် သောက်သုံးရေများပြတ်လပ်မှု ကြုံတွေ့ရ မည့် အခြေအနေရောက်ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခင်က ကျွဲနွားတိရိစ္ဆာန်များ၏ သောက်သုံးရေကို ပေါင်းချောင်းအတွင်း ရယူသုံးစွဲခဲ့ရာမှ ယခုအခါ အယ်လ်နီညိုရာသီ အပူဒဏ်ကြောင့် ရေများ တစတစကုန်ခမ်းစပြု လာပြီးဖြစ်ပြီး   နောက်တစ်လအထိသာ  သုံးစွဲ၍ရနိုင်မည့် အခြေအနေရောက်ရှိနေကြောင်း ဒေသခံဦးဆန်းဝင်းက မဇ္ဈိမသို့ ပြောကြားသည်။

အဆိုပါကျေးရွာတွင် စက်ရေတွင်း (၁)တွင်း ကျောက်ခွေတွင်း (၄)တွင်းရှိရာ ကျောက်ခွေတွင်း(၁)တွင်းသာ ရေထွက်ကြောင်းနှင့်အိမ်ခြေ (၁၇၅)အိမ် လူဦးရေ (၇၄၄) ကျွဲအကောင် (၁၀၀)ကောင်   နွားအကောင် (၁၀၀၀)ဆိတ်အကောင် (၁၀၀) ရှိကြောင်း ရွာခွဲအုပ်ချ ုပ်ရေးမှူ း ဦးကြွေက ပြောသည်။

စလင်းမြို့နယ်၊အုပ်ချ ုပ်ရေးဋ္ဌာနက သောက်သုံးရေပြတ်လပ်မှုအတွက် လှူဒါန်းမှု များရှိသော်လည်း လုံလောက်မှုရှိရန် အလှူ ရှင်များကို မျှော်လင့်လျှက်ရှိကြောင်း ဒေသခံ များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly