ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ ရွေးကောက်ပွဲ အကြမ်းဖက်မှု ၁၀ ဦးသေ

ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ ရွေးကောက်ပွဲ အကြမ်းဖက်မှု ၁၀ ဦးသေ

ဒါကာ၊ မတ် ၂၃ ။              ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒေသဆိုင်ရာရွေးကောက်ပွဲများ ကျင်းပစဉ် ရုတ်တရက်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးသည်ဟု ရဲတပ်ဖွဲ့က မတ် ၂၃ တွင် ပြောသည်။ သေဆုံးသူများအနက် ၇ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေပစ်သတ်ခဲ့သည်ဆိုသည်။

ဓါးများ၊ ကျောက်တုံးများ၊ တုတ်များနှင့် တိုက်ခိုက်လာသူများကို ရာဇဝတ်တရားသူကြီးတစ်ဦးက ပစ်မှတ်မိန့်ပေးခဲ့ခြင်းဖြစ်ကာ လူ၃ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၂ ဦးမှာ ဆေးရုံပို့စဉ် လမ်းတွင် သေဆုံးခဲ့သည်ဟု ပင်လယ်ကမ်းရိုးတန်းရှိ မက်သ်နားရီးယားမြို့မှ ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ဝါလစ်ဟော့ဆိန်းက ပြောသည်။ ယင်းမြို့တွင် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။

အခြား ၅ဦးမှာ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ခဲ့သော သီးခြားတိုက်ခိုက်မှုများတွင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly