မန်းရွှေစက်တော်ဘုရား မန်းချောင်းတွင် လူတစ်ဦးရေနစ်သေဆုံး

မန်းရွှေစက်တော်ဘုရား မန်းချောင်းတွင် လူတစ်ဦးရေနစ်သေဆုံး

မန်းရွှေစက်တော်ဘုရားပွဲတော် စန်းရေကြည်တဲကျောင်းတွင် တည်းခိုနေသူတစ်ဦး တပေါင်းလပြည့်နေ့ မတ်လ ၂၃ရက် နံနက်က မန်းချောင်းတွင် ရေချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း စကုနယ်မြေ ရဲစခန်း၏ အတည်ပြုချက်အရသိရှိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာမှ ကိုညီမင်းစိုး အသက် ၂၉နှစ်သည် မန်းရွှေစက်တော် ဘုရားပွဲတော်သို့ လာရောက်စဉ် စန်းရေကြည်တဲကျောင်းတွင် တည်းခိုခဲ့သည်။ မတ်လ ၂၃ရက်တွင် ချောင်းအတွင်း ရေဆင်းချိုးရင် ရေနစ်သေဆုံးခဲ့သည်။

၎င်းသည် အရက်ဖြတ်ထားသူတစ်ဦးဟု သိရှိရသည်။

တပေါင်းလပြည့်နေ့သည် မန်းရွှေစက်တော်ဘုရားပွဲတော်အတွင်း ဘုရားဖူး အစည်ကားဆုံးနေ့လည်း ဖြစ်သည်။

အဆိုပါ ရေနစ်သေဆုံးမှုကို စကုနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၆့ဖင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly