သေဆေးအဖြစ်ထိုးနှံသည့် ဆေးဝါးတစ်မျိုးကို အသုံးပြုခြင်းအား အမေရိကန်တရားရုံးချုပ် အတည်ပြု

သေဆေးအဖြစ်ထိုးနှံသည့် ဆေးဝါးတစ်မျိုးကို အသုံးပြုခြင်းအား အမေရိကန်တရားရုံးချုပ် အတည်ပြု

ဝါရှင်တန်၊ဇွန် ၃၀ ။       ။ သေဆေးထိုးနှံခြင်းဖြင့် သေဒဏ်စီရင်ရာတွင် အပြင်းပွားဖွယ် စိတ်ငြိမ်ဆေးတစ်ခုအား အသုံးပြုခြင်းကို အမေရိကန်တရားရုံးချုပ်ကဇွန်၃၀ တွင် အတည်ပြုလိုက်ပြီး ယင်းကဲ့သို့စီရင်မှုကအခြေခံဥပဒေကို ချိုးဖောက်ခြင်းမရှိ ဟုလည်းပြော ကြားခဲ့သည်။

အိုကလာဟိုးမားရှိ သေဒဏ်ကျအကျဉ်းသားများသည် သေဆေးဖြစ်သည့် မီဒါဇိုလမ်တွင် ပြင်းထန်စွာနာကျင်စေသည့် အန္တရာယ် ကြီးကြီးပါဝင်သည်ကို မပြသခဲ့ဟု တရားရုံးအမိန့်တွင် တရားရုံး၏ ကွန်ဆာဗေးတစ်ဘက်ယိမ်းသော တရားသူကြီးငါးဦး ကထောက်ခံခဲ့ပြီး တစ်ဦးက ကန့်ကွက်ခဲ့သည်။ ယင်းဆေးက ရက်စက်သည့်၊ ထူးဆန်းသည့် အပြစ်ပေးခြင်းကို ပိတ်ပင်သည့် အခြေခံဥပဒေ၏ ရှစ်ကြိမ်မြောက်ပြင်ဆင်ချက်ကို ချိုးဖောက်ခြင်းမရှိဟု ၎င်းတို့က ပြောကြားခဲ့သည်။

တရားရုံး၏ ဆုံဖြတ်ချက်မှာ အမေရိကန်ရှိ သေဒဏ်ဆန့်ကျင်သူများအတွက် စိတ်ပျက်ဖွယ်ဖြစ်ပြီး အမေရိကန်သည် သေဒဏ် ကျင့်သုံးသည့် တစ်ခုတည်းသော အနောက်နိုင်ငံဖြစ်သည်။ "အချိန်တွေကြာနေတဲ့ ငြင်းပန်းနှိပ်စက်တဲ့ သေခြင်းထက် ဘယ်ဟာ က ပိုပြီးရက်စက်သလဲဆိုတာ တွေးကြည့်ဖို့ခက်ပါတယ်"ဟု သေဒဏ်ဖျက်သိမ်းရေးအမျိုးသားညွန့်ပေါင်းမှ အမှုဆောင်ဒါရိုက်တာ ဒိုင်ယန်းရပ်စ်တီယာနေးက ပြောကြားခဲ့သည်။

"သေဒဏ်ဆိုတာရက်စက်ပါတယ်။ ဒါက နိုင်ငံရဲ့အမြင့်ဆုံးတရားရုံးအထိ တက်မသွားသင့်ပါဘူး"ဟု ၎င်းကဆိုသည်။ တရားရုံးချုပ်သည် ၂၀၀၈ခုနှစ် ဧပြီလက ဆုံးဖြတ်ချက်တစ်ခုတွင် သေဆေးထိုး၍ သေဒဏ်စီရင်မှုအား အခြေခံဥပဒေတွင် အကျုံးဝင်ကြောင်း အတည်ပြုခဲ့သည်။

ထိုစဉ်ကတည်းက အဓိကအားဖြင့် ဥရောပမှ ဆေးဝါးထုတ်လုပ်သူများက လိုအပ်သောဆေးများရောင်းချပေးရန် ငြင်းဆန်ခဲ့ရာ အိုကလာဟိုးမားကဲ့သို့ပြည်နယ်များက မီဒါဇိုလမ်အပါအဝင် အခြားရွေးချယ်စရာများကို ရှာဖွေခဲ့ကြသည်။ ၂၀၁၄ဧပြီလက အိုကလာဟိုးမားသေဒဏ်ကျအကျဉ်းသား ကလေတန်လော့ကက်သည် မသေမီ ၄၃မိနစ်ကြာဝေဒနာပြင်းစွာခံစားခဲ့ရသည်။

၂၀၁၄ခုနှစ် ဇူလိုင်လက အိုဟိုင်းယိုးအကျဉ်းသား ဒင်းနစ်မက်ဂွိုင်ယာသည် မသေဆုံးမီ ၂၆မိနစ်ကြာဝေဒနာခံရသကဲ့သို့ အရီဇိုးနားသေဒဏ်ကျသူ ဂျိုးဇက်ဖ်ဝုဒ်လည်း သေဆုံးရန် ၁၁၇မိနစ်ထိကြာခဲ့သည်။ သေဆေးထိုးစီရင်မှုများမှာ သေဆုံးရန် ၁၀ မိနစ်ကြာမည်ဟု မျှော်လင့်ရပြီး အထက်ပါသေဒဏ်စီရင်ခံသူ အမျိုးသားသုံးဦးစလုံး နာကျင်မှုဖြင့် ပါစပ်ဟကာအသက်ရှူနေခဲ့ရ သည်။
သေဒဏ်မှ လျှော့ပေါ့ရန် နောက်ဆုံးအယူခံမှုကို တရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက် စတုတ္ထမြောက် စီရင်ခံရသူ ချားလ်စ်ဝါနာ ကို ယခုနှစ် ဇန်နဝါရီလတွင် အိုကလာဟိုးမားတွင် စီရင်ခဲ့သည်။ ၁၁လအရွယ်မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်မှုဖြင့် သေဒဏ်ပေးခံရသော ဝါနာက ၎င်း၏ခန္ဓာကိုယ်သည် မီးပေါ်ရောက်နေသည်ဟု မသေမှီ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly