ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲ ရဲများတားဆီးပိတ်ပင်မှုများရှိ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲ ရဲများတားဆီးပိတ်ပင်မှုများရှိ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသည့် ကျောင်းသား၊ ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ တားဆီးနေသည်ကို ဇွန် ၃၀ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ(ရာမည))

ရန်ကုန်၊ ဇွန် ၃၀ ။       ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အပါအဝင် ပြည်သူ လူထုက ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် ရဲများက တားဆီးပိတ်ပင်မှုများရှိခဲ့သည်။

ဇွန်လ၃၀ ရက် နေ့လည် ၃ နာရီမှ ၄နာရီခွဲ အချိန်ခန့်အထိ ကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၁၀၀၀ ခန့်က ပါဝင်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။

လမ်းတစ်လျှောက် ဆန္ဒပြရာတွင် ရဲများက ဆန္ဒပြသူများကို ဆက်လက်ဆန္ဒမပြရန် ရဲဝန်ထမ်းအင်အားသုံး၍ တားမြစ်မှုများရှိခဲ့ရာ ဆန္ဒပြသူများနှင့် ရဲများ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။

ဆန္ဒပြရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဒို့အရေး၊ အတုအယောင်ပြင်ဆင်မှု အလိုမရှိ၊ ၄၃၆ကို ပြင်ဆင်ရေး ဒို့အရေး၊  လွှတ်တော်ထဲက အစိတ်သားထွက်သွား ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly