ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း

ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း

ယနေ့ မတ်လ ၂၂ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ကြေငြာလိုက်သည်။

သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံထားရသော ဦးထင်ကျော်က တင်ပြလာသည့် အမည်စာရင်းများအား မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ ဖတ်ကြား တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါပုဂ္ဂိုလ်များအား ကန့်ကွက်လိုသည့်လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ကြရန်လည်း မန်းဝင်းခိုင်သန်းက လွှတ်တော်သို့တင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁) ဒေါ်အောင်ဆန်းစုကြည်

၂) ဒေါက်တာအောင်သူ

၃) ဦးသန့်စင်မောင်

၄) သူရဦးအောင်ကို

၅) ဦးအုန်းဝင်း

၆) ဦးသိန်းဆွေ

၇) ဦးကျော်ဝင်း

၈) ဦးခင်မောင်ချို

၉) ဒေါက်တာမြင့်ထွေး

၁၀) ဦးဝင်းခိုင်

၁၁) ဒေါက်တာဝင်းမြတ်အေး

၁၂) ဦးအုန်းမောင်

၁၃) ဒေါက်တာသန်းမြင့်

၁၄) နိုင်သက်လွင်

၁၅) ဒေါက်တာဖေမြင့်

၁၆) ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

၁၇) ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ

၁၈) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်းကို ကြေငြာလိုက်သော်လည်း တာဝန်ယူရမည့်ဝန်ကြီးဌာနများနှင့် တွဲဖက်၍ ကြေငြာခြင်း မရှိသေးပေ။

NLDအစိုးရလက်ထက်တွင် ထားရှိမည့် ဝန်ကြီးဌန(၂၁)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

၁) နိုင်ငံခြားရေးဝန်ကြီးဌာန
၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
၄) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး

ဝန်ကြီးဌာန
၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
၉) စက်မှုဝန်ကြီးဌာန
၁၀) ကျန်းမာရေးဝန်ကြီးဌာန
၁၁) ပညာရေးဝန်ကြီးဌာန
၁၂)  ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆) ပြန်ကြားရေးဝန်ကြီးဌာန
၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈) သမ္မတရုံးဝန်ကြီးဌာန
၁၉) ကာကွယ်ရေးဝန်ကြီးဌာန
၂၀) ပြည်ထဲရေးဝန်ကြီးဌာန
၂၁) နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly