၂၀၂၀ တွင် မြန်မာဘီယာစျေးကွက်ကိုဦးဆောင်နိုင်ရန် Heineken ရည်မှန်း

၂၀၂၀ တွင် မြန်မာဘီယာစျေးကွက်ကိုဦးဆောင်နိုင်ရန် Heineken ရည်မှန်း

ရန်ကုန်၊ မတ်၊ ၂၁ ။ ။ ကမ္ဘာကျော်ဘီယာအမှတ်တံဆိပ်တစ်ခုဖြစ်သော Heineken သည် ၂၀၂၀ ခုနှစ်အရောက်တွင် မြန်မာဘီယာဈေးကွက်၌ ဦးဆောင်သူဖြစ်လာရန် ရည်မှန်းလျှက်ရှိသည်။

မြန်မာဈေးကွက်အတွင်းသို့  စတင်ဝင်ရောက်နေပြီဖြစ်သော Heineken သည် ပြိုင်ဘက် ပြည်တွင်း၊ပြည်ပ ဘီယာ အမှတ်တံဆိပ်များအပေါ် အသာရပြီး ဈေးကွက်ဝေစုအများစုကိုသိမ်းပိုက်နိုင်လိမ့်မည်ဟုလည်း ယုံကြည်လျှက်ရှိသည်။

လက်ရှိအချိန်တွင် Heineken ဘီယာသည် မြန်မာပြည်ဈေးကွက်၌ နံပါတ် ၅ နေရာ၌သာရပ်တည်နိုင်နေသေးသော်လည်း ယခုနှစ်မှစ၍ တစ်နှစ်လျှင် ရှေ့သို့တစ်ဆင့်တက်လှမ်းပြီး ၂၀၂၀ ခုနှစ်အရောက်တွင် နံပါတ် ၁ နေရာသို့ရောက်ရှိရန် ရည်မှန်းထားကြောင်း Heineken ဘီယာကိုမြန်မာပြည်တွင် ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသည့် APB Alliance Brewery ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ လက်စတာတန် က ပြောကြားသည်။

ဟော်လန်နိုင်ငံထွက်ဘီယာအမှတ်တံဆိပ်ဖြစ်သော Heineken ကိုလွန်ခဲ့သော ၆ လခန့်က မြန်မာနိုင်ငံတွင်စတင်ရောင်းချ ခဲ့ပြီး လက်ရှိအချိန်တွင် ပြည်တွင်း၊ပြည်ပဘီယာအမှတ်တံဆိပ်များနှင့် ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ရလျှက်ရှိသည်။

မြန်မာနိုင်ငံသည် မြို့ပြစရိုက်၊ လူဦးရေ၊ စီးပွားရေး နှင့် လူလတ်တန်းစားအရေအတွက် လျှင်မြန်စွာဖွံ့ဖြိုးလာမည် ဖြစ်သဖြင့် မကြာမီနှစ်များအတွင်းမှာပင် Heineken ၏ အာရှပစိဖိတ်ထိပ်တန်းဈေးကွက် ၃ ခုတွင် တစ်ခုအပါအဝင် ဖြစ်လာလိမ့်မည် ဟုလည်း မစ္စတာလက်စတာတန် က ပြောကြားသည်။

Heineken သည် အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြုပ်နှံကာမြန်မာနိုင်ငံတွင် ဘီယာစက်ရုံတစ်ခုတည်ဆောက်ခဲ့ပြီး အဆိုပါစက်ရုံမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာလည်ပတ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly