ကျောက်စိမ်းက အဓိကပြည်ပပို့ကုန်အဖြစ် ဆက်ရှိနေနိုင်

ကျောက်စိမ်းက အဓိကပြည်ပပို့ကုန်အဖြစ် ဆက်ရှိနေနိုင်
နေပြည်တော်ရှိ ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များတွင် ကျောက်စိမ်းသည် အလားအလာရှိသော ပြည်ပပို့ကုန်အဖြစ် ဆက်ရှိနေမည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုမှ ပြည်ပပို့ကုန်တင်ပို့မှုတွင် အဓိက ပို့ကုန်များတွင် ကျောက်စိမ်းလည်း ပါဝင်သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်စည်ပစ္စည်း ၄၁ မျိုးရှိရာတွင် ယင်းစာရင်း၌ တစ်ခုတည်းသော ကျောက်မျက်ရတနာ တင်ပို့မှုအဖြစ် ကျောက်စိမ်းကို တင်ပို့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းများကို အဓိကအားဖြင့် တရုတ်နှင့် အိန္ဒိယသို့ တင်ပို့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာထွက် ကျောက်စိမ်းများ အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်သည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်၌ ကျောက်စိမ်းတင်ပို့မှု စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၈၆ ဒသမ ၆၄ သန်းရှိခဲ့သည်။ ယခင်ဘဏ္ဍာနှစ်က ၁ ဒသမ ၀၁ ဘီလီယံအထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အထက်ပါ ဘဏ္ဍာနှစ် နှစ်ရပ်စလုံးတွင် ကျောက်စိမ်းသည် မြန်မာနိုင်ငံမှ ဒုတိယပြည်ပပို့ကုန်အဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ "လက်ရှိအစိုးရက အရိုင်းထည် ကျောက်စိမ်းတွေ တင်ပို့တာထက် ချောပြီး ကျောက်စိမ်းတွေ ပိုတင်ပို့ဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အဆင့်မြင့်နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ ကျွန်တော်တို့မှာ မရှိဘူးဖြစ်နေပါတယ်။"ဟု မြန်မာ့ကျောက်မျက်ရတနာအသင်း အတွင်းရေးမှူးဖြစ်သူ ဦးထွန်းလှအောင်က ဆင်ဟွာသို့ ပြောသည်။

မြန်မာနိုင်ငံသည် ကျောက်စိမ်းကဏ္ဍမှ အခွန်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags