အိုင်အက်စ်အုပ်စုက ပထမဆုံး အကြိမ်အဖြစ် အရက်သူ အမျိုးသမီးများကို ခေါင်းဖြတ် ကွက်မျက်ခဲ့ဟုဆို

အိုင်အက်စ်အုပ်စုက ပထမဆုံး အကြိမ်အဖြစ် အရက်သူ အမျိုးသမီးများကို ခေါင်းဖြတ် ကွက်မျက်ခဲ့ဟုဆို
အိုင်အက်စ်အကြမ်းဖက်သမားများက ခေါင်းဖြတ်ကွက်မျက်မည့်သူများကို ခေါ်ဆောင်လာနေစဉ်။ ဓာတ်ပုံ - ရိုက်တာ

ဒမတ်စကတ်၊ ဇွန်-၃၀ ။      ။ အိုင်အက်စ်စစ်သွေးကြွများက ဆီးရီးယားတွင် အမျိုးသမီးနှစ်ယောက်ကို ခေါင်းဖြတ်လိုက်ကြရာ၊ အုပ်စုအနေနဲ့ အရက်သူအမျိုးသမီးများကို ပထဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်ခြင်းဖြစ်သည်ဟု စစ်ပွဲကို စောင့်ကြည့်နေသည့် အုပ်စုတစ်စု၏ တည်ထောင်သူက ပြောသည်။

ယင်းကဲ့သို့ခေါင်းဖြတ်မှုမှာ ယခုရက်သတ္တပတ်တွင် ဆီးရီးယားအရှေ့ပိုင်း ဒေရာ အယ်ဇော်ပြည်နတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အကြီးအကဲ ရာမိ အဗ္ဗဒူရာမန်က ပြောကြားခဲ့သည်။

အမျိုးသမီးတစ်ဦးမှာ သူမ၏ လင်ယောကျာ်းနှင့်အတူ ဒေရာအယ်ဇော်မြို့တွင် ခေါင်းဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ဆီးရီးယားအရှေ့တောင်ပိုင်းမှ အယ်မာယာဒင်းမြို့တွင်လည်း အိုင်အက်စ်တို့က နောက်ထပ် အမျိုးသမီးတစ်ဦးကို သူမ၏ လင်ယောကျ်ားနှင့်တူ ခေါင်းဖြတ်ခဲ့ပြန်သည်ဟုဆိုသည်။

၎င်းတို့အားလုံးကို မှော်စုန်းတတ်သည်ဟူသော စွပ်စွဲချက်များဖြင့် ခေါင်းဖြတ်ကွက်မျက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးစောင့် ကြည့်အုပ်စုက ပြောကြားသည်။

အိုင်အက်စ်အုပ်စုမှာ ရန်သူစစ်သားများ၊ ကူညီကယ်ဆယ်ရေးလုပ်သားများနှင့် ဂျာနယ်လစ်များအပါအဝင် ဒေသခံများ ကိုရော နိုင်ငံခြားသားများကိုပါ ခေါင်းဖြတ်လာခဲ့သလို၊ ၎င်းတို့၏ တင်းကျပ်လွန်းသော အစ္စလာမ်ဥပဒေများကို ချိုးဖောက် သူများကိုလည်း ရက်ရက်စက်စက် ခေါင်းဖြတ်ကွက်မျက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly