အာကာသအတွင်း အချိန်အများဆုံးနေထိုင်သူအဖြစ် ရုရှယာဉ်မှူး စံချိန်တင်

အာကာသအတွင်း အချိန်အများဆုံးနေထိုင်သူအဖြစ် ရုရှယာဉ်မှူး စံချိန်တင်

အာကာသအတွင်း အချိန်အကြာဆုံးနေထိုင်ခဲ့သည့် စံချိန်ကို ရုရှယာဉ်မှူး ဂျင်နာဒီပါဒယ်ကာက စံချိန်ချိုးလိုက်သည်။ ယခုဆောင်ဦး ကမြေပြင်သို့ ပြန်လည်ဆင်းသက်လာမည့်အချိန်တွင်အာကာသအတွင်း ရက်ပေါင်း၈၈၇ ရက်နေထိုင်မှု ပြည့်မြောက် သွားခြင်းဖြင့် လွန်ခဲ့သည့်ဆယ်နှစ်က ယာဉ်မှူးလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဆာဂေးကီကယ်လဗ်၏ စံချိန်ကို ချိုးလိုက်နိုင်မည်ဖြစ်သည်။

၁၉၉၈ ခုနှစ်သြဂုတ်လအတွင်းက ယာဉ်မှူးဂျင်နာက ပထမဆုံး အာကာသပျံသန်းမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ပျံသန်းမှု တွင် အာကာသအတွင်း လမ်းလျှောက်ခြင်းကို ပြုလုပ်ခဲ့ပြီး ယာဉ်ချိတ်ဆက်မှုကို ပြုလုပ်ခဲ့ကာ အာကာသတွင်း အချိန် ၆ နာရီကျော် လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။

ဆယ့်ခုနှစ်ကြာပြီးနောက် ယခုနှစ် မတ်လ ၂၇ ရက်တွင် လူသုံးဦးပါ အာကာသခရီးစဉ်တွင် ဂျင်နာလိုက်ပါပျံသန်းပြီး နိုင်ငံတကာ အာကာသစခန်းယာဉ်သို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအာကာသမစ်ရှင်သည် ဂျင်နာအတွက် ငါးကြိမ်မြောက်အာကာသပျံသန်းမှုဖြစ်ပြီး ၎င်း၏ လုပ်ဆောင်မှုတွင် မှတ်တိုင်တစ် ရပ်စိုက်ထူနိုင်ခြင်းလည်းဖြစ်သည်။

ထိုခရီးစဉ်က စက်တင်ဘာတွင် ပြီးစီးကာ မြေပြင်သို့ ပြန်လည်ဆင်းသက်မည်ဖြစ်ပြီး ဂျင်နာအတွက် ကမ္ဘာပေါ်တွင် အာကာသ အတွင်း နှစ်နှစ်ခွဲနီးပါး အချိန်အကြာဆုံးနေထိုင်သူအဖြစ် စံချိန်တင်မည်ဖြစ်သည်။

Ref: RT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly