ဖုန်းတွေကြောင့် ဓာတ်ပုံဆရာတွေ အခက်တွေ့ပြီလား

ဖုန်းတွေကြောင့် ဓာတ်ပုံဆရာတွေ အခက်တွေ့ပြီလား

မင်းဘူး၊ မတ် ၁၉ ။          ။ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာဘုရားပွဲတော်တွင် အမှတ်တရဓါတ်ပုံ ရိုက်ကူး၍ အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသော ဓါတ်ပုံဆရာများသည် ဘုရားဖူးဧည့်သည်တို့၏ မိုဘိုင်းဖုန်းများကြောင့် အခက်တွေ့လျက်ရှိသည်ဟု ဆိုသည်။

ယနေ့ခေတ်ပေါ်ဖုန်းများသည် ကင်မရာအရည်အသွေးမြင့်မားလာသည့်အပြင် အဆင့်မြင့် ဖိုတိုရှော့လုပ်လို့ရသည့် Application များကြောင့် ဘုရားဖူးများသည် အမှတ်တရ ဓါတ်ပုံများကို သူတို့ဖုန်းနှင့်ပင်ရိုက်ယူသွားလေ့ရှိသောကြောင့် ဓါတ်ပုံဆိုင်လေလံဆွဲ လုပ်ကိုင်သူများနှင့် ဓါတ်ပုံဆရာများ နစ်နာသည်ဟု မန်းရွှေစက်တော် ဓါတ်ပုံဆရာ ကိုထွန်းက ပြောသည်။

"အရင်နှစ်တွေက ပွဲတော် တစ်ရာသီကို ဓါတ်ပုံရိုက်ခ (၆)သိန်းကနေ (၁၀)သိန်းထိ စုမိတယ်၊ (၅x၇)လက်မ အရွယ် ဓါတ်ပုံဆိုက်ကို တစ်ပုံ(၁၀၀၀ိ/-)ကျပ်ရပြီး ဆိုင်ကို (၈၀၀ိ/-)ကျပ်သွင်းရတယ်။ (၂၀၀ိ/-)ကျပ် လုပ်အားခရတယ်၊ အခုနှစ် တစ်ရက်လုံး ရေထဲ/ကုန်းပေါ် ရိုက်ရမှ (၂၀၀၀ိ/-)ကျော် (၃၀၀၀ိ/-)လောက်ပဲ ရတယ်။ ထမင်းဖိုးပဲရတယ်။ ဘုရားဖူးလာသူတွေက ဖုန်းဟန်းစက်တွေနဲ့ပဲရိုက်ကြတော့ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေ အလုပ်မဖြစ်တော့ဘူးပေါ့။” ဟု ကိုထွန်းက ပြောသည်။

မန်းရွှေစက်တော်ရာဘုရားပွဲတော်တွင် (၁၀)တန်းစာမေးပွဲပြီးသည့် နောက်ပိုင်းမှစ၍ ဘုရားဖူးများဖြင့် ကျိတ်ကျိတ်တိုးစည်ကား နေသော်လည်း လူတိုင်းကိုယ်စီ ဖုန်းဟက်စက်များပါလာကြပြီး၊ အမှတ်တရဓါတ်ပုံများ ရိုက်ကူးလျက်ရှိရာ ယခုနှစ်တွင် ကိုယ်ပိုင် ကင်မရာများ၊ ဖုန်းများဖြင့် ရိုက်ကူးမှုများလာသောကြောင့် ဓါတ်ပုံလုပ်ငန်းလေလံဆွဲ လုပ်ကိုင်နေသူများနှင့် ဓါတ်ပုံဆရာများ လုပ်ငန်းအခက်တွေ့နေလျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly