အစိုးရက လယ်ယာကဏ္ဍကို ဦးစားပေးဆောင်ရွက်မည်ဟု ဆန်စပါးအသင်းချုပ် မျှော်လင့်နေ

အစိုးရက လယ်ယာကဏ္ဍကို ဦးစားပေးဆောင်ရွက်မည်ဟု ဆန်စပါးအသင်းချုပ် မျှော်လင့်နေ

ဒီတစ်ပါတ် 7minutes အစီစဉ်ကနေ တွေ့ဆုံမေးမြန်းမယ့်သူကတော့ မြန်မာနိုင်ငံ ဆန်းစပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း ဖြစ်ပါတယ်ရှင့်။ မြန်မာ့ဆန်းဈေးနှုန်းကြီးမြင့်မှုရယ်  ၊ မြန်မာနိုင်ငံ ဆန်းစပါး ကဏ္ဍအတွက် စိန်ခေါ်စရာ အကြောင်းတွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမ - ဒေါက်တာ စိုထွန်း မင်္ဂလာပါရှင့်။ ဟုတ်ကဲ့ပါရှင့် အခုတလော ဆန်ဈေးနှုန်းတွေလည်း ကြီးမြင့်တယ်လို့ ကြားတယ်ရှင့်။ ပြီးတော့လည်း ပြည်ပကို တင်ပို့မှုက မနှစ်က ကာလတူ အချိန်တွေထက်   ပြည်ပ တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၇၂ သန်းလောက် ကျဆင်းတယ်လို့လဲ သိရတယ်ရှင့်။ ဒါက မြန်မာ့ ဆန်စပါး ဈေးကွက်အတွက် မြန်မာ့ဆန်းစပါး ထုတ်လုပ်မှုအတွက် စိန်ခေါ်စရာ ဖြစ်နေလားရှင့်။

ဒေါက်တာစိုးထွန်း - ဟုတ်ကဲ့ပါခင်ဗျာ။ ဒီနှစ်ကတော့ စပါးဈေး ဆန်ဈေးနဲ့ ပြောရရင်တော့ ကျွန်တော်တို့ မိုးစပါး စပေါ်ကတည်းက ဈေးအမြင့်ဈေးနဲ့ ဖွင့်ခဲ့တာပေါ့နော်။ ကျွန်တော်တို့ ဆန်ကြမ်း စပါးဈေး တင်း (၁၀၀) ကို ငါးသိန်းကျော်ကနေ စပြီးဖွင့်ခဲ့တာပေါ့။ မနှစ်ကထက်စာရင်တော့ တစ်သိန်းလောက် ပိုပြီး များတယ်။ လက်ရှိအနေထားမှာလည်း ကျွန်တော်တို့ အနေနဲ့ ဆန်းဈေး စပါးဈေး အနေထားမှာ ပြောရရင်တော့ အကျဘက်မရှိပဲ အတက်ဘက်ပဲ ဦးတည်နေတဲ့ အနေထားရှိတာပေါ့နော်။ ဒါကတော့ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ရေကြီးနစ်မြှုပ်မှု ဖြစ်ခဲ့တယ်။ သြဂုတ်လ ရောက်တုန်းက ရေကြီး နစ်မြုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ စိုက်ဧကတွေ လျော့ကျတဲ့ အချက်ကနေပြီးတော့ စတင်ပြီး ဖြစ်ပေါ်ခဲ့တာပေါ့နော်။ နောက်ဆက်တွဲအနေနဲ့ကလည်း ကျွန်တော်တို့ ဒေါ်လာဈေးပေါ့နော်။ အမေရိကန်ဒေါ်လာဈေး တက်ပြီး မြန်ငွေတန်ဖိုး ကျတဲ့အတွက်ကြောင့် မို့လို့ ကျွန်တော်တို့ သွင်းအားစုတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာ ပိုးသတ်ဆေးတို့ လယ်ယာသုံး စက်ပစ္စည်း ကရိယာ နောက် ကျွန်တော်တို့ လောင်စာဆီပေါ့နော်။ ဒါတွေ ဈေးကြီးတဲ့အတွက်ကြောင့်မို့လို့ ဆန်ဈေး စပါးဈေး တက်ရတယ်လို့ ကြုံတွေ့ရပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါရှင့် ဆန်းစပါးကဏ္ဍပေါ့နော်။ ထုတ်လုပ်ရောင်းချမှုတွေ ဒီအထွက်နှုန်းတွေ တိုးဖို့ပေါ့နော်။ အဲဒီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာမယ်ဆိုလို့ရှိရင် အဆင်ပြေသွားနိုင်လာ တခြား ဘာအချက်တွေများ လိုအပ်သေးလဲ ရှင့်။

ဒေါက်တာစိုးထွန်း - ဒါကတော့ ငွေကြေးအရင်းအနှီးကတော့ တစ်ချက်အနေနဲ့ ပါတာပေါ့နော်။ ဒါပြည်ပကပဲ ရင်းနှီးမြှုပ်နှံမှုလာလာ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေပဲ ရင်းနှီးမြှုပ်နှံ သို့သော်လည်း အချက်တစ်ချက်အနေနဲ့တော့ ဒါပါပါတယ်။ အခြားအချက်တွေကတော့ အများကြီး ရှိပါတယ်။ အခုနက ကျွန်တော်ပြောခဲ့တဲ့ မျိုးနဲ့ ပတ်သက်တဲ့ အချက်တွေ အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်ပေးရမယ့် အချက် ဒီဘက်က အခြေခံ အဆောက်အဦပေါ့နော်။ ကျွန်တော်တို့အနေနဲ့ မြစ်ချောင်းတွေ တိမ်ကောတဲ့ ကိစ္စရှိတယ်။ နောက်ဆည်တွေမှာဆိုလည်း ရေပေးဝေနိုင်မှု ပမာဏ လျော့ကျတယ်။ သူက ရှိနေတဲ့ တူးမြောင်းတွေ ပြန်လည် ထိန်းသိမ်းဖို့လိုတာပေါ့နော်။ နောက် ကုန်ထုတ်လမ်းတွေ မရှိဘူးပေါ့နော်။ နောက်တစ်ခါ ရေတင်ဖို့အတွက် လွယ်ကူတဲ့ လျှပ်စက်မီးလို ဟာမျိုး မရှိတဲ့ အပိုင်းတွေပေါ့နော်။ ဒါတွေကလည်း အချက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။ နောက်တစ်ချက်အနေနဲ့ပြောရင် ကျွန်တော်တို့ ဈေးကွက်ကိုပေါ့နော်။ လယ်သမားတွေအနေနဲ့ စုဖွဲ့ပြီးတော့ ဈေးကွက်ကို တင်ပို့ရောင်းချနိုင်တဲ့ အားမျိုး မရှိသေးဘူးပေါ့နော်။ ကျွန်တော်တို့ လယ်သမားနဲ့ဆိုင်တဲ့ အသင်းအဖွဲ့စည်းတွေက အခုနကပြောတဲ့ အပိုင်းတွေကို မလုပ်နိုင်သေးတဲ့ အပိုင်းတွေ ကျွန်တော်တို့ ရှိပါတယ်။ အဲတော့ ဈေးကွက်ကို လက်လှမ်းမမှီတဲ့အပိုင်းကလည်း တစ်ချက်ပေါ့။ နောက်တစ်ချက်က ကျွန်တော်တို့ ဆီမှာ ရောင်းချတဲ့ဟာပေါ့။ ရောင်းချတဲ့ပုံစံကလည်း value added လို့ခေါ်တဲ့ အဆင့်မြင့်တဲ့ စက်မှု ပြန်ပြီး မွမ်းမံတဲ့ဟာကို ရောင်းချတာ မဟုတ်ပဲနဲ့။ ရှိတဲ့ raw material က ရောင်းချတဲ့အပိုင်းပေါ့နော်။ ဒါတွေလည်း လိုပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့မှာရှိတဲ့ ဆန်စက်တွေက အဆင့်မမှီဘူးပေါ့နော်။ ဆန်စက်တွေ အဆင့်မြင့်နေဖို့လိုတယ်။ နောက်တစ်ခါ ကျွန်တော်တို့ဆီမှာ သယ်ယူပို့ဆောင်ခတွေက ဈေးကြီးနေတယ်။ ဘယ်လိုလဲဆိုတော့ ဥပမာဆိုပါစို့ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ကနေပြီးတော့ ရန်ကုန်ကို သယ်မယ့် စရိတ်နဲ့ ရန်ကုန်ကနေ စင်ကာပူကို ပို့တဲ့ စရိတ်က ပိုသက်သာတာပေါ့နော်။ ကျွန်တော်တို့အနေနဲ့ မြစ်ဝကျွန်းပေါ်ကနေပြီးတော့ မူဆယ်ကို  တရုတ်နယ်စပ်ကို တင်ပို့တဲ့ စရိတ်က ကျွန်တော်တို့ ဒီဗမာပြည်ကနေပြီးတော့ မိုင်းပေါင်း ထောင်ချီဝေးတဲ့ အာဖရိက နိုင်ငံကို တင်ပို့တဲ့စရိတ်က ပိုသက်သာတယ်။ ကျွန်တော်တို့ အခုနက ပြောတဲ့ သယ်ယူပို့ဆောင်တဲ့ စရိတ်ကလည်း ကျွန်တော်တို့ ရှိနေတဲ့ လယ်ယူထွက်ကုန်ပစ္စည်း တန်ဖိုးရဲ့ ၂၅% ကြားကနေ ၃၅% ကြားသုံးစွဲရတာ။ ဒါတွေကလည်း အခုနကပြောတဲ့ အချက်တွေလည်း ပါပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါရှင့်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းပေ့ါနော်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ မြန်မာနိုင်ငံ ဆန်းစပါး အသင်းချုပ်ကနေပြီးတော့ ဆန်းစပါးကဏ္ဍ ဖွံဖြိုးတိုးတက်ဖို့ ဆိုပြီးတော့ အဲဒီ ဆွေးနွေးပွဲမှာ အယ်နီညို ရာသီဥတုကြောင့် အရံဆန်ဝယ်ယူဖို့ကို NLD အစိုးရကို တင်ပြမယ်လို့ သိရတယ်ရှင့်။ တကယ်လို့ အစိုးရကို တင်ပြလိုက်မယ်ဆိုလို့ရှိရင် ဆန်စပါးကဏ္ဍမှာ ဖြေသာနိုင်မယ့် အခွင့်အရေးတွေ ရမယ်လို့ ယုံကြည်လားရှင်။

ဒေါက်တာစိုးထွန်း - ကျွန်တော်တို့ အနေနဲ့ အခုနက အရံဆန်တဲ့ ပတ်သက်ရင်တော့လည်း ၂၀၁၂ ဒီဇင်ဘာလကနေစပြီး ၂၀၁၃/၂၀၁၄ မှာတော့ ဒီစီးပွားကူးသန်း ဝန်ကြီးဌာနကနေပြီးတော့မှ ပိုက်ဆံ ၁၀ ဘီလီလံ ထုတ်ပေးတယ်။ ကျွန်တော်တို့ ပုဂ္ဂလိက အဖွဲ့တွေက ၄.၅ ဘီလီယံ ကျွန်တော်တို့က ထုတ်ပြီးတော့မှ အရံဆိုတာ လုပ်ခဲ့တာ ရှိတာပေါ့နော်။ သို့သော်လည်းပဲ ၂၀၁၅ ကနေစပြီး ဒီအစီစဉ်က ကျွန်တော်တို့ ရပ်သွားခဲ့တယ်။ လောလောဆယ် အရံဆန် ဝယ်တဲ့ အစီစဉ် ရပ်ထားရတာပေါ့။ လောလောဆယ်အနေထားမှာ ကျွန်တော်တို့ အနေနဲ့ ရာသီဥတု ဖောက်ပြန်မယ် အယ်နီညို လာမယ်ဆိုပြီးတော့ ပြောနေတာ ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အယ်နီညို Effect  အနေနဲ့လာမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ဆန်ရေစပါးနဲ့ ပတ်သက်ပြီးတော့မှ ရုတ်တရက် ဈေးနှုန်းကြီးမြင့်သွားတာ သို့မဟုတ် တစ်ချို့ဒေသတွေမှာ ပြတ်တောက်သွားတာ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ အရံဆန်ကို ဝယ်ယူသင့်ပါတယ် ဆိုပြီးတော့မှ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ လုပ်ခဲ့တဲ့ အစည်းဝေးမှာလည်း စီးပွားကူးသန်းဝန်ကြီးဌာနကို တိုက်တွန်းတာ ရှိတယ်။ နောက် ကျွန်တော်တို့အနေနဲ့ NLD စီးပွားရေးကော်မတီနဲ့ တွေ့တဲ့အချိန်မှာလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အရံဆန်နဲ့ ပတ်သက်ပြီး ထားရှိဖို့ ကျွန်တော်တို့ အနေနဲ့ တိုက်တွန်းတာ ရှိတယ်။ ဒါကလည်း အဲလို ဘာလို့ တိုက်တွန်းရလဲဆိုရင် ဒါအရေးပေါ်မှာ ကျွန်တော်တို့ အနေနဲ့ ကိုယ့်မှာရှိတဲ့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးတော့မှ စိုးရိမ်ကြောင့်ကြမှု မရှိအောင်ပေါ့နော်။ အရံဆန်အစီစဉ်ကတော့ ထားသင့်တယ်လို့ တိုက်တွန်းတာပေါ့နော်။

မဇ္ဈိမ - ဟုတ်ကဲ့ပါရှင့် နောက်ဆုံးအနေနဲ့ မေးချင်ပါတယ်ရှင့်။ နောက် ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံ ဆန်းစပါး ထုတ်လုပ်မှုနဲ့ တင်ပို့ရောင်းချမှု အပိုင်းတွေမှာပေါ့နော်။ ဒီတိုးတက်လာတဲ့ အပိုင်းပဲဖြစ်ဖြစ် ဘယ်လိုမျိုး ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာ ဒေါက်တာ စိုးထွန်းအနေနဲ့ အနည်းငယ် ခန့်မှန်းပေးလို့ ရမလားရှင်။

ဒေါကတာစိုးထွန်း - ကျွန်တော်တို့ကတော့ ပြောရရင် ရိုးရိုးသားသား ပြောရရင် ကျွန်တော် ပုဂ္ဂလိက အမြင်နဲ့ပြောရရင်တော့ ကောင်းလာမယ့် အနေထားတော့ မြင်ပါတယ်။ ဘာလို့ကောင်းလာမယ့် အနေထားမြင်လဲဆိုရင် လက်ရှိအနေထားကလည်း NLD အစိုးရ ဖွဲ့မယ့်ဟာလည်း သူရဲ့ စီးပွားရေးမှုဝါဒမှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဆိုတာ ဦးစားပေး ထည့်သွင်းထားတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဒုတိယ အချက်ကတော့ ကျွန်တော်တို့  လက်ရှိအစိုးရဖွဲ့တာ အများစုကလည်း ပြည်သူကနေ မဲပေးပြီးမှ ဖြစ်တဲ့အစိုးရကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူတွေဖြစ်တဲ့ လယ်သမားတွေ ပုဂ္ဂလိက အဖွဲ့စည်းတွေရဲ့ အသံကိုနားထောင်ပြီးတော့မှ ကျွန်တော်ထင်တယ် အပြည့်အဝအကောင်ထည်ဖော်မယ်လို့ ကျွန်တော်မြင်တာပေါ့နော်။ အဲတာကြောင့် ကျွန်တော်တို့မြင်တာကတော့ အခုနက လိုအပ်ချက်တွေ များနေတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကိုတော့ ဦးစားပေးပြီး ဖြေရှင်းမယ်။ လက်တွေ့ကျကျ အကောင်ထည်ဖော်ရင်တော့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဟာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကျွန်တော်မြင်ပါတယ်။ နောက်တစ်ခါ လယ်ယာစိုက်ပျိုးရေးနဲ့ နှီးနွယ်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေ ၇၀% သော ပြည်သူတွေ အနေနဲ့လည်း ဒါစီးပွားရေးတိုးတက်လာမယ်။ တစ်ဦးချင်း ဝင်ငွေတိုးတက်လာမယ်။ နောက် အခြေခံကျတဲ့ လယ်သမားတွေ အနေနဲ့ ဝင်ငွေတိုးတက်လာပြီးတော့မှ ဘဝ လူနေမှုအဆင့်တန်း မြင့်မားလာမယ်လို့တော့ ကျွန်တော်ယုံကြည်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါ ဒေါက်တာစိုးထွန်း အခုလို 7 Minutes အစီစဉ်ကို အချိန်ပေးပြီ ဖြေပေးတာ ကျွန်မတို့ အစီစဉ်ကနေ ကျေးဇူးတင်ပါတယ်ရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags