နေထက် ဒြပ်ထု အဆများစွာကြီးမားသည့် ကြယ်များ ရှာတွေ့

နေထက် ဒြပ်ထု အဆများစွာကြီးမားသည့် ကြယ်များ ရှာတွေ့

ဝါရှင်တန်၊ မတ်၊ ၂၀ ။        ။ ကမ္ဘာဂြိုဟ်တည်ရှိရာ နေစကြာဝဠာရှိ နေထက် ဒြပ်ထုအဆ ၁၀၀ ခန့်အထိကြီးမားသော ကြယ် ၉ လုံးအပါအဝင် ဒြပ်ထုအလွန်တရာကြီးမားသော ကြယ်များကို ဟာဘယ်လ်တယ်လီစကုပ်မှတဆင့် ရှာဖွေတွေ့ရှိခဲ့သည်။

နာဆာ၏ ဟာဘယ်လ်တယ်လီစကုပ်မှတဆင့် တွေ့ရှိခဲ့သော ယင်းကြယ်များအနက်မှ တစ်စင်းမှာ လက်ရှိအချိန်ထိ တွေ့ရှိထားသော ကြယ်များထဲတွင် ဒြပ်ထုအကြီးဆုံးကြယ်အဖြစ်ပင် စံချိန်တင်နိုင်ပြီး R136a1 ဟုအမည်ပေးထားသည်။

ယင်းကြယ်သည် ကမ္ဘာမှ အလင်းနှစ် ၁၇၀၀၀၀ အကွာတွင်တည်ရှိပြီး တာရန်တူလာနတ်ဗြူလာအတွင်းတွင် တည်ရှိသည်။

ယခုတွေ့ရှိမှုကြောင့် ကြယ်များနှင့်ပတ်သတ်၍မူလကထက် အချက်အလက်များပိုမိုသိရှိလာခဲ့ရပြီး စကြာဝဠာကြီး၏ အရွယ်အစားနှင့်ပတ်သတ်၍တွက်ချက်ရာတွင် စဉ်းစားစရာများလည်း ထပ်မံပေါ်ပေါက်လာခဲ့သည်။

ဟာဘယ်လ်တယ်လီစကုပ်ကို နာဆာမှ လွှတ်တင်ထားခြင်းဖြစ်ပြီး ၁၉၉၀ ခုနှစ်၊ ဧပြီလအတွင်းတွင် ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ စတင်လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ထိုအချိန်မှစ၍ အာကာသသိပ္ပံအတွက် အရေးပါသည့် အချက်အလက်များစွာကို ရှာဖွေပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly