ဂွါဒီယိုလာ နည်းပြသစ်ဖြစ်လာမည်ဆိုသည့် သတင်းက မန်စီးတီးအသင်းကို မတည်မငြိမ်ဖြစ်စေကြောင်း ဇာဘလက်တာ ဆို

ဂွါဒီယိုလာ နည်းပြသစ်ဖြစ်လာမည်ဆိုသည့် သတင်းက မန်စီးတီးအသင်းကို မတည်မငြိမ်ဖြစ်စေကြောင်း ဇာဘလက်တာ ဆို

မတ် ၂၀၊ မန်ချက်စတာ။           ။ လာမည့်ရာသီတွင် ဂွါဒီယိုလာ နည်းပြသစ်ဖြစ်လာမည်ဆိုသော သတင်းက အသင်းကို မတည်မငြိမ် ဖြစ်စေခဲ့ကြောင်း မန်စီးတီးနောက်ခံလူ ဇာဘလက်တာက ပြောဆိုလိုက်သည်။

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာသည် သုံးနှစ်သက်တမ်းစာချုပ်ဖြင့် မန်စီးတီးအသင်းကို လာမည့်ရာသီသစ်တွင် ကိုင်တွယ်ရန် သဘောတူညီခဲ့ပြီဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်း ကတည်းက ကြေညာခဲ့သည်။

'ဂွါဒီယိုလာသတင်းက လူတိုင်းအတွက် မလွယ်ကူပါဘူး။ ဘယ်ကစားသမားသစ်တွေ ရောက်လာမှာလဲ၊ အသင်းက ဘယ်သူတွေ ထွက်ရမှာလဲ။ ကျွန်တော်တို့မှာ ဘာကို ပိုပြီး အာရုံစိုက်ရမှန်း မသိပါဘူး' ဟု ဇာဘလက်တာက ဆိုသည်။

လက်ရှိတွင် မန်စီးတီးသည် မန်ယူနှင့် မကစားမီအချိန်အထိ ရမှတ် ၅၁ မှတ် ရရှိထားပြီး အဆင့်လေးတွင် ရပ်တည်နေသည်။ အဆင့်ငါးမှ ဝက်စ်ဟမ်းနှင့် တစ်မှတ်သာကွာပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၁၅ မှတ် ကွာဟနေသည်။

'အခုအချိန်မှာ အဆင့်လေးအတွင်းက ထွက်သွားနိုင်တယ်ဆိုတာ မတွေးလို့ မရတော့ပါဘူး။ တတိယနေရာနဲ့ စတုတ္ထနေရာအတွက် စိတ်ခေါ်မှုတွေ အများကြီး ရှိနေပါပြီ။

လက်ရှိမှာ အရာရာက တကယ်ကို ခက်ခဲပါတယ်။ အာဆင်နယ်က ကျွန်တော်တို့ အထက်မှာ ရှိနေသလို ဝက်စ်ဟမ်း၊ မန်ယူ၊ လီဗာပူးလ်၊ နောက်ဆုံး စတုခ်တောင် ကျွန်တော်တို့ကို ဖိအားပေးနေပါတယ်။ လက်စတာနဲ့ စပါးကလည်း ပုံစံကောင်းနဲ့ ရှေ့ဆက်နေပါတယ်။ အသင်းတိုင်းက အဆင့် ခြောက်၊ ခုနှစ်လောက်ကို ဆင်းသွားနိုင်ပါတယ်။

အသင်းတိုင်းက ချန်ပီယံမဖြစ်နိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားမှာပါပဲ။ တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော်တို့ အမှတ်တွေ အများကြီး ဆုံးရှုံးသွားနိုင်ပါသေးတယ်' ဟု ဇာဘလက်တာက ဆိုခဲ့သည်။

Ref: fourfourtwo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly