တွံတေးအလှပွဲတော် ပြုလုပ်မည်

တွံတေးအလှပွဲတော် ပြုလုပ်မည်

ရန်ကုန်၊ မတ် ၁၉ ။            ။ တွံတေးအလှပြပွဲကို မတ် ၂၀ ရက်နှင့် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ မိဘဂုဏ်ဘိုးဘွားရိပ်သာတွင် နံနက် ၈း၀၀ နာရီမှ ည ၈း၀၀ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တွံတေးကွန်ယက်မှ တာဝန်ခံ မဆုမြတ်အောင်က ပြောသည်။

လူထုကိုယ်တိုင် နိုးနိုးကြားကြားနှင့် တာဝန်ယူ၊ တာဝန်ခံပါဝင်ဆောင်ရွက်ဖြေရှင်းရသော ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးနှင့် မိတ်ဆက်ပေးလိုသောကြောင့် တွံတေးအလှ ဆွေးနွေးပွဲနှင့် အနုပညာပြပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း တွံတေးကွန်ယက်မှ တာဝန်ခံ မဆုမြတ်အောင်က ပြောသည်။

ယင်း တွံတေးဒေသခံများ ပူးပေါင်းပါဝင်သော ပြဇာတ်၊ ရုပ်သေးအကများ၊ ရှမ်း၊ကရင်ရိုးရာ အကများ၊ တွံတေးဒေသမြင်ကွင်း ဓာတ်ပုံများနှင့် မိရိုးဖလာ လက်မှုလုပ်ငန်းများ အစရှိသည်တို့ကို ခင်းကျင်းပြသ သွားမည် ဖြစ်သည်။

“ မြို့တိုင်း၊ ရွာတိုင်း၊ လူမှုအသိုင်းအဝိုင်းတိုင်းမှာ တန်ဖိုးထားစရာအမွေအနှစ်တွေ ရှိကြပါတယ်။ ဒါပေမယ့် အဲဒါတွေဟာခေတ်မီဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဖြည်းဖြည်းပျောက်ကွယ် လာကြပါတယ်။ ဒါကြောင့် လူထုကိုယ်တိုင်က နိုးနိုးကြားကြားနဲ့ တာဝန်ယူ၊ တာဝန်ခံမှု ပါဝင်ဆောင်ရွက်ဖြေရှင်းရမယ့် ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးရေးနဲ့ မိတ်ဆက်ပေးချင်လို့ လုပ်ဖြစ်တာပါ” ဟု တွံတေးကွန်ယက်မှ တာဝန်ခံ မဆုမြတ်အောင်က ပြောသည်။

သမ္မတအသစ်ဦးဆောင်မည့် အစိုးရသစ်အနေဖြင့်လည်း ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာများစွာ ရှိနေကြောင်း၊ ယင်းပြဿနာများစွာထဲတွင်  မြို့ရွာအဆင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ညစ်ညမ်းရာမှ ကျန်းမာရေး ထိခိုက်မှုဖြစ်ခြင်း၊ ယင်းမှတဆင့် လူမှုစီးပွားထိခိုက်စေသော အခြေအနေများ လူမှုပဋိပက္ခဖြစ်ပွားစေနိုင်သော အခြေအနေများ စသည့်ပြဿနာအချို့ကို  ဒေသခံလူထုကိုယ်တိုင် ဦးဆောင်ပါဝင် ဖြေရှင်းနိုင်မှုများစွာ ရှိနိုင်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly