နောက်ခံလူ အလာဘာကို ဘိုင်ယန်မြူးနစ်အသင်း စာချုပ် သက်တမ်းတိုး

နောက်ခံလူ အလာဘာကို ဘိုင်ယန်မြူးနစ်အသင်း စာချုပ် သက်တမ်းတိုး

မတ် ၁၉၊ မြူးနစ် ။           ။ ဘိုင်ယန်မြူးနစ်အသင်းသည် အားထားရသည့် နောက်ခံကစားသမား အလာဘာကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ သြစတြီးယားနောက်ခံကစားသမား အလာဘာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးသော်လည်း သုံးနှစ် ထပ်မံ သက်တမ်းတိုး ခဲ့ခြင်းသည်။

'ကျွန်တော့်ရဲ့ ကလပ်အသင်းအတွက် ဆက်လက် ကစားပေးရတော့မှာ ဖြစ်လို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်က ဘိုင်ယန်အသင်းမှာ လူလားမြောက်လာခဲ့တဲ့သူပါ။ အတွေ့အကြုံကောင်းတွေလည်း အများကြီး ရရှိပါတယ်။ အခု ရရှိနေတဲ့ အောင်မြင်မှုတွေထက် ပိုပြီး အောင်မြင်လိုပါတယ်' ဟု အလာဘာက ပြောသည်။

အလာဘာသည် ၂၀၀၈ ခုနှစ်က သြစတြီးယားဝီယင်အသင်းမှ ဘိုင်ယန်လူငယ်အသင်းသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ ဘိုင်ယန်အသင်းကြီးတွင် နေရာမရမီ ၂၀၁၁ ခုနှစ်က ဟော့ဖင်ဟိန်းအသင်းသို့ အငှားသွားရောက်ကစားခဲ့ရသည်။ ထို့နောက်တွင် ဘိုင်ယန်အသင်း၏ အဓိက နောက်ခံလူတစ်ဦးဖြစ်လာခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။ ဘိုင်ယန်နှင့်အတူ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ဘွန်ဒက်စ်လီဂါဖလား လေးကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ဖလား တစ်ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၂ ခု ရရှိထားပြီး ဖြစ်သည်။

အလာဘာသည် သြစတြီးယားလက်ရွေးစင်အသင်းတွင်လည်း အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အမိနိုင်ငံအတွက် ၄၂ ပွဲ ကစားကာ ၁၁ ဂိုးသွင်းယူပေးထားသည်။

ရည်ညွှန်း ဖောက်စ်စပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly