ချန်ပီယံလိဂ် ၀င်ခွင့်ရရန် မဖြစ်နိုင်တော့ဟု ချယ်လ်ဆီးနည်းပြ ဟစ်ဒင့် ပြောဆို

ချန်ပီယံလိဂ် ၀င်ခွင့်ရရန် မဖြစ်နိုင်တော့ဟု ချယ်လ်ဆီးနည်းပြ ဟစ်ဒင့် ပြောဆို

မတ် ၁၉၊ လန်ဒန် ။          ။ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် မဖြစ်နိုင်တော့ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ဂုစ်ဟစ်ဒင့်က ဝန်ခံ ပြောဆိုလိုက်သည်။ ချယ်လ်ဆီးအသင်းသည် ယခုအချိန်တွင် ရမှတ် လေးဆယ်ဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေပြီး အဆင့်လေးမှ မန်စီးတီးနှင့် ၁၁ မှတ် ကွာဟလျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်အပတ်က ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို လာမည့်နှစ်တွင် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရတော့မည် ဖြစ်သည်။

ထို့ကြောင့် ဟစ်ဒင့်က လူငယ်ကစားသမားများကို ပထမအသင်းတွင် ပိုမိုနေရာပေးသွားမည်ဟု ဆိုသည်။ 'ဒီဇင်ဘာလတုန်းကတော့ ရာသီအဆုံးမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရည်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက ချယ်လ်ဆီးအတွက် အလွန် ခက်ခဲသွားပါပြီ။ မဖြစ်နိုင်တော့ပါဘူး။

လူငယ်ကစားသမားတွေအနေနဲ့ အသင်းကြီးမှာ ပိုမိုအခွင့်အရေး ရရှိလာဖု့ိ ရှိပါတယ်။ ဒါပေမဲ့ အာမခံချက်တော့ မရှိပါဘူး' ဟု ဟစ်ဒင့်က ပြောသည်။

လက်ရှိတွင် ဟစ်ဒင့်သည် တိုက်စစ်တွင် ဘာကီနာဖာဆို လူငယ်တိုက်စစ်မှူး ထရာအိုရေး၊ တောင်ပံနှင့် ခံစစ်တွင် ကန်နီဒီ၊ ကွင်းလယ်တွင် လော့ဖ်တက်စ်ချိခ် တို့ကို အသုံးပြုလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly