ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်စီးတီးကို အနိုင်ကစားမည်ဟု မန်ယူနည်းပြဗန်ဟားလ် ဆို

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်စီးတီးကို အနိုင်ကစားမည်ဟု မန်ယူနည်းပြဗန်ဟားလ် ဆို

မတ် ၁၉၊ မန်ချက်စတာ ။            ။ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်အတွက် မန်စီးတီးအသင်းကို သေချာပေါက် အနိုင်ကစားမည်ဖြစ်ကြောင်း မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ယခုတစ်ပတ်တွင် မန်စီးတီးအသင်း၏ အီတီဟတ်ကွင်း၌ မန်ချက်စတာဒါဘီပွဲစဉ်ကို သွားရောက် ကစားရမည်ဖြစ်သည်။ မန်ယူအသင်းမှာ လက်ရှိအချိန်တွင် ရမှတ် ၄၇ မှတ် ရရှိထားပြီး အဆင့်ခြောက်နေရာတွင် ရပ်တည်နေကာ အဆင့်လေးမှ မန်စီးတီးနှင့် လေးမှတ်ကွာဟလျက်ရှိသည်။

မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးသွားနိုင်ကြောင်း ဗန်ဟားလ်က ဝန်ခံခဲ့သည်။ 'မန်စီးတီးအသင်းကို ရှုံးခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ပါတယ်။ လက်ရှိမှာက လေးမှတ် ကွာဟနေပြီးသားပါ။ ပြီးတော့ မန်စီးတီးတစ်သင်းတည်းရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့အထက်မှာ ဝက်စ်ဟမ်းလည်း ရှိနေပါသေးတယ်။

ဒီပွဲမှာ ရှုံးခဲ့ရင် မန်စီးတီးနဲ့ ၇ မှတ်တောင်ကွာသွားမှာပါ။ ဒါဆို လက်ကျန်ပွဲနဲ့ကြည့်ရင် ရမှတ်ကွာဟမှုက အရမ်းများသွားပါလိ့မ်မယ်' ဟု ဗန်ဟားလ်က ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly