မျက်နှာဖုံးမပါဘဲ ဘေဂျင်းမှာ အပြေးလေ့ကျင့်ခန်းလုပ်သည့် ဇူကာဘတ်ကို တရုတ်လူမျိုးများ ဝေဖန်

မျက်နှာဖုံးမပါဘဲ ဘေဂျင်းမှာ အပြေးလေ့ကျင့်ခန်းလုပ်သည့် ဇူကာဘတ်ကို တရုတ်လူမျိုးများ ဝေဖန်

ဘေဂျင်း၊ မတ်၊ ၁၈ ။             ။ တရုတ်လူမျိုး Facebook သုံးစွဲသူတွေဟာ ဘေဂျင်းမြို့မှာ တစ်ခါသုံးကျန်းမာရေး မျက်နှာဖုံးမပါဘဲ အပြေးလေ့ကျင့်ခန်းလုပ် တဲ့ Facebook တည်ထောင်သူ မက်ခ်ဇူကာဘတ်ကို ဝေဖန်လိုက်ပါတယ်။

ဇူကာဘတ်ဟာ တရုတ်နိုင်ငံကိုရောက်ရှိစဉ်မှာ တိန်အန်းမင်ရင်ပြင်မှာ ခပ်ရွရွအပြေးလေ့ကျင့်ခန်းလုပ်ခဲ့တဲ့ ဓါတ်ပုံကို သူ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြခဲ့ပြီးနောက်မှာ တရုတ်လူမျိုး Facebook သုံးစွဲသူတွေက ဝေဖန်မှုတွေလုပ်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်အမျိုးသားမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ဘေဂျင်းမြို့မှာ မိုးခိုးမြူထူထပ်မှုဟာ ယခုအပတ်မှာ အန္တရာယ်ရှိ အဆင့်ကိုရောက်နေတာကြောင့် လူတိုင်းကျန်းမာရေးမျက်နှာဖုံးတွေတပ်ပြီး အပြင်ထွက်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ဒါကြောင့် အဲဒီလို ဘေဂျင်းမြို့ရဲ့လေထုညစ်ညမ်းမှုအဆင့်က အဆုတ် နဲ့ အသက်ရှုလမ်းကြောင်းရောဂါတွေ ရစေနိုင်တဲ့အထိ အန္တရာယ်များနေတဲ့အချိန်မှာ ဇူကာဘတ်က မျက်နှာဖုံးမပါဘဲ အပြေးလေ့ကျင့်ခန်းလုပ်ခဲ့တဲ့အတွက် တရုတ်လူမျိုးတွေက ဝေဖန်ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ Facebook လူမှုကွန်ယက်သုံးစွဲခြင်းကို အာဏာပိုင်တွေက ပိတ်ပင်ထားပေမယ့် နည်းပညာနဲ့ပိတ်ပင်ထား မှုကို နည်းပညာအရပဲကျော်ဖြတ်ပြီး သုံးစွဲနေသူတွေ ရှိနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags