နိုင်ငံရေးလှုံ့ဆော်ပိုစတာကို အမေရိကန်ကျောင်းသား ဖြုတ်ချနေသည့် ဗွီဒီယိုကို မြောက်ကိုရီးယား ထုတ်ပြန်

နိုင်ငံရေးလှုံ့ဆော်ပိုစတာကို အမေရိကန်ကျောင်းသား ဖြုတ်ချနေသည့် ဗွီဒီယိုကို မြောက်ကိုရီးယား ထုတ်ပြန်

ဆိုးလ်၊ မတ်၊ ၁၈ ။                ။ မြောက်ကိုရီးယားသည် ၎င်းတို့အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည့် အမေရိကန်ကျောင်းသားက ဟိုတယ်တစ်ခုရှိ နိုင်ငံရေးလှုံ့ဆော် ပိုစတာကို ဖြတ်နေသည်ကို ရိုက်ကူးထားသော လုံခြုံရေးကင်မရာ ဗွီဒီယိုဖိုင်ကို တရားဝင်ထုတ်ဖော်ပြသလိုက်သည်။

ထိုဗွီဒီယိုဖိုင်ထဲတွင် အမေရိကန်ကျောင်းသားအော်တိုဝမ်ဘီယာသည် ပြုံယမ်းရှိ ယန်ဂတ်ခ်ဒိုဟိုတယ်လ်ထဲမှ ဝန်ထမ်းများသာဝင်ရောက်ခွင့်ရှိသည့်နေရာသို့ ဝင်ရောက်ပြီး ပိုစတာတစ်ခုကို ဖြုတ်ချနေ သည်ကို မြင်တွေ့ရသည်။

မြောက်ကိုရီးယားအာဏာပိုင်များသည် ထိုကဲ့သို့ နိုင်ငံရေးလှုံ့ဆော်မှုပိုစတာတစ်ခုကို ဖြုတ်ချမှုဖြင့် အမေရိကန် ကျောင်းသားကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကမူ မြောက်ကိုရီးယားသည် အမေရိကန်ကျောင်းသားကို နိုင်ငံရေးနယ်ရုပ်တစ်ခုသဖွယ် အသုံးချခဲ့ပြီး ကျောင်းသားကျူးလွန်သည့် ပြစ်မှုနှင့် ချမှတ်သည့်ပြစ်ဒဏ်မှာ အဆမတန်ကွာခြားလွန်းနေသည်ဟု ဝေဖန်ရှုံ့ခဲ့သည်။

အမေရိကန်ကျောင်းသားဝမ်ဘီးယား ဖြုတ်ချခဲ့သော ပိုစတာပေါ်တွင် '' ကင်မ်ဂျုံအီ၏မျိုးချစ်စိတ်နှင့်အတူ ပိုမိုသန်စွမ်းအောင် တည်ဆောက်ကြပါစို့ '' ဟုအဓိပ္ပါယ်ရသောစာသားများကို အနီရောင်အောက်ခံပေါ်တွင် အဖြူရောင်စာလုံးများနှင့် ရေးသားထားသည်။

ဝမ်ဘီးယားသည် မြောက်ကိုရီးယားနိုင်ငံမှနေ၍ ခရီးသွားအဖွဲ့တစ်ခုနှင့်အတူ ပြန်လည်ထွက်ခွာခါနီးတွင် လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly