မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သား သမ္မတအား ဘန်ကီမွန်း ကြိုဆို

မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သား သမ္မတအား ဘန်ကီမွန်း ကြိုဆို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် နှစ်ငါးဆယ်ကျော်ကာလအတွင်း အရပ်သားသမ္မတအဖြစ် လွှတ်တော်တွင် ပထမဆုံး ရွေးကောက်တင်မြှောက်ခြင်း ခံရသော ဦးထင်ကျော်အား ကြိုဆိုဂုဏ်ပြုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် "ရာထူးစွန့်ရတော့မည့် လက်ရှိအစိုးရ စတင်ခဲ့သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ရှေ့တိုးတက်လှမ်းနိုင်မည့် လက္ခဏာရပ်အဖြစ် ကြိုဆိုကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် မြန်မာပြည်သူများ တည်ငြိမ်စွာ ဆက်လက်လျှောက်လှမ်းသွားနိုင်မည်လည်း   မျှော်လင့်ကြောင်း၊ နိုင်ငံတွင် စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်ရေး ငြိမ်းချမ်းစွာ ဖော်ဆောင်သွားကြရန် သမ္မတသစ် ဦးထင်ကျော်နှင့် အဓိကပုဂ္ဂိုလ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း" ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ရည်သန်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးတို့ တိုးတက်အောင်မြင်ခြင်းငှာ ဆက်လက်ထောက်ပံ့သွားမည်ဟု ဘန်ကီမွန်းက ထပ်လောင်းအတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly