အိုင်အက်စ်နှင့် ပေါင်းစည်းထားသော အုပ်စုများ အင်ဒိုနီးရှားတွင် လှုပ်ရှားနေ

အိုင်အက်စ်နှင့် ပေါင်းစည်းထားသော အုပ်စုများ အင်ဒိုနီးရှားတွင် လှုပ်ရှားနေ

ဂျာကာတာ၊ ဇွန် ၃၀ ။        ။ တက်က်ဖီရီအိုင်အက်စ်အိုင်အယ်လ်တို့နှင့် ပေါင်းစည်းထားသော အဖွဲ့အစည်းများသည် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်တွင် လှုပ်ရှားနေသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

ယင်းသို့လှုပ်ရှားနေကြောင်း ဂျာကာတာရဲတပ်ဖွဲ့အကြီးအကဲ တီတိုကာနာဗီယန်က ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အစွန်းရောက်များသည် နိုင်ငံကို ကြီးမားသည့်ခြိမ်းခြောက်မှုမရှိခဲ့ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်ဟု ဂျာမန်သတင်းဋ္ဌာန DPA ကဖော်ပြခဲ့သည်။

"သူတို့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်နေပါပြီ"ဟု တီတိုကဆိုသည်။ "တကယ်လို့ သူတို့တစ် ခုခုလုပ်ဖို့လှုပ်ရှားရင် ကျွန်တော်တို့ အရေးယူမှာပါ"၎င်းက ပြောသည်။

အိုင်အက်စ်နှင့် ပေါင်းစည်းထားသော အဖွဲ့အစည်းများသည် ဂျာဗားကျွန်းတစ်ဝိုက်လှုပ်ရှားနေသည်ဟုလည်း ရဲတပ်ဖွဲ့အကြီး အကဲက နောက်ထပ်အသေးစိပ်အချက်အလက်များမပေးဘဲ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားအာဏာပိုင်များ၏ အဆိုအရ အင်ဒိုနီးရှားလူမျိုး ၃၀၀မှ ၅၀၀ကြားသည် အိုင်အက်စ်တွင် အဆင့်အမျိုးမျိုးဖြင့် ဝင်ရောက်နေသည်။ အကြမ်းဖက်အဖွဲ့နှင့် အတူတိုက်ခိုက်ရင်း အနည်းဆုံးအင်ဒီုနီးရှားလူမျိုးနှစ်ဦး သေဆုံးသွားပြီဟု သိရသည်။

လွန်ခဲ့သည့် မတ်လက အိုင်အက်စ်သို့ဝင်ရန်အတွက် အမျိုးသမီးနှင့် ကလေးများအပါအဝင် ပြည်သူများကို လူသစ်စုဆောင်းရန် ကြိုးပမ်းမှုဖြင့် အမျိုးသမီး ငါးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။ နိုင်ငံပေါင်း ၁၀၀ကျော်မှ အကြမ်းဖက်ဝါဒီ ၂၅,၀၀၀ခန့်သည် အိုင်အက်စ်အဖွဲ့သို့ဝင်ရန် ဆီးရီးယားနှင့် အီရတ်သို့ သွားရောက်ခဲ့သည်ဟု ကုလသမဂ္ဂက မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly