အမေရိကန်လေတပ်တွင် လေယာဉ်မှူး အရေအတွက် လိုအပ်မှု မြင့်တက်

အမေရိကန်လေတပ်တွင် လေယာဉ်မှူး အရေအတွက် လိုအပ်မှု မြင့်တက်

ဝါရှင်တန်၊ မတ်၊ ၁၈ ။          ။ အမေရိကန်လေတပ်တွင် တိုက်လေယာဉ် နှင့် မောင်းသူမဲ့လေယာဉ် နှစ်မျိုးစလုံးအတွက် လေယာဉ်မှူးအရေအတွက် လိုအပ်မှုမြင့်တက်လျှက်ရှိပြီး ကျွမ်းကျင်လေယာဉ်မှူးရှားပါးမှုနှင့် ကြုံတွေ့ရနိုင်သည်ဟု လေတပ်ထိပ်တန်းအရာရှိတစ်ဦး က သတိပေးပြောကြားလိုက်သည်။

လက်ရှိစစ်ဆင်ရေးများတွင် လေယာဉ်မှူးလုံလောက်ရန်အတွက် တိုက်လေယာဉ်မှူး ၅၁၁ ဦးနှင့် မောင်းသူမဲ့ လေယာဉ်မောင်း လေယာဉ်မှူး နောက်ထပ် ၂၀၀ ကျော်လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဟားဘတ်ဟော့ခ်ကာလစ်ဆယ် က ပြောကြားသည်။

ထောက်လှမ်းမှုများရော၊ ပစ်ခတ်မှုများပါပြုလုပ်နိုင်သည့် မောင်းသူမဲ့လေယာဉ်များမောင်းနှင်ရန် လေယာဉ်မှူး လိုအပ်မှုမှာ တရှိန်ထိုးမြင့်တက်လျှက်ရှိပြီး လက်ရှိလေယာဉ်မှူးများမှာ တစ်ရက်လျှင်နာရီများစွားအလုပ်လုပ်ရလျှက်ရှိကြောင်း၊ လိုအပ်ချက်ပြည့်မီရန်အတွက် လေယာဉ်မှူး ၅၀၀ ခန့်လိုအပ်နေသော်လည်း အမေရိကန်လေတပ်က လေယာဉ်မှူး ၃၀၀ ခန့်သာခန့်ထားရန်ရှာဖွေနေကြောင်း ဗိုလ်ချုပ် ကာလစ်ဆယ် က ပြောကြားသည်။

မောင်းသူမဲ့လေယာဉ်များသည် စစ်ဆင်ရေးများအတွင်းတွင် အလွန်အဖိုးတန်သည့်ကိရိယာများဖြစ်လျှက်ရှိပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်းမှစ၍ မောင်းသူမဲ့လေယာဉ်မောင်းနှင်သည့်   လေယာဉ်မှူး အရေအတွက်မှာလည်း တရှိန်ထိုးမြင့်တက်လာခဲ့ရာ ယခုဆိုလျှင် မောင်းသူမဲ့လေယာဉ်မောင်းနှင်မှုများကို ထောက်ပံ့ပေးနေရသူအရေအတွက် စုစုပေါင်းမှာ ၈၀၀၀ ခန့်ပင်ရှိနေပြဟုလည်း ဗိုလ်ချုပ်ကာလစ်ဆယ်က ပြောကြားသေးသည်။

တိုက်ပွဲများအတွင်းမောင်းသူမဲ့လေယာဉ်များအသုံးပြုမှုမှာ အရှိန်လျော့ကျသွားဖွယ်မရှိဘဲ ဆက်လက်မြင့်တက်နေဦးမည် ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

အမေရိကန်လေတပ်တွင်လေယာဉ်မှူး ရှားပါးလာရသည့်အကြောင်းရင်းများထဲတွင် လောင်စာဆီဈေးနှုန်း ကျဆင်းမှု၊ ခရီးသွားမြင့်တက်မှုတို့ကြောင့် လေကြောင်းလိုင်းများက   လေတပ်မှ   လေယာဉ်မှူးများကို ပိုမိုခန့်အပ်လာကြခြင်း နှင့် ကာကွယ်ရေးလုပ်ငန်းများကို စာချုပ်နှင့်လက်ခံလုပ်ကိုင်သည့်ကုမ္ပဏီများက မောင်းသူမဲ့လေယာဉ်မောင်းလေယာဉ်မှူး များကို လစာငွေမြင့်မားစွာပေးပြီး ခန့်အပ်လာခြင်းတို့လည်း ပါဝင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly