တာလတ်ပစ်ဒုံးကျည်တစ်စင်း ပင်လယ်အတွင်းသို့ မြောက်ကိုရီးယား ထပ်မံ ပစ်ခတ်

တာလတ်ပစ်ဒုံးကျည်တစ်စင်း ပင်လယ်အတွင်းသို့ မြောက်ကိုရီးယား ထပ်မံ ပစ်ခတ်

ဆိုးလ်၊ မတ်၊ ၁၈ ။          ။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တင်းမာမှုများမြင့်တက်လျှက်ရှိသော မြောက်ကိုရီးယားနိုင်ငံသည် တာလတ်ပစ်ဒုံးကျည် တစ်စင်းကို ပင်လယ်အတွင်းသို့ ယနေ့ထပ်မံ စမ်းသပ်ပစ်ခတ်လိုက်ပြန်သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်း က နျူကလီးယားဒုံးကျည်ထိပ်ဖူးစမ်းသပ်ရန် နှင့် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု များ လုပ်ဆောင်ရန်ညွှန်ကြားပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ တာလတ်ပစ်ဒုံးကျည်တစ်စင်းထပ်မံပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

ယင်းဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ အနောက်တောင်ဘက်ဒေသမှနေ၍ ဒေသစံတော်ချိန် မနက် ၅ နာရီ၊ ၅၅ မိနစ်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့ဘက်ပင်လယ်ဟုလည်းခေါ်သော ဂျပန်ပင်လယ်အတွင်းသို့ ကီလိုမီတာ ၈၀၀ ခန့်ရောက်ရှိခဲ့ ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်ခဲ့သည် ဒုံးကျည်အမျိုးအစားကို တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်သည့် Yonhap သတင်းဌာနကမူ ကီလိုမီတာ ၁၃၀၀ အထိပစ်ခတ် ရောက်ရှိနိုင်သော ရိုဒေါင်းဒုံးကျည်အမျိုးအစားတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သောလများအတွင်းတွင် မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်ခြင်း၊ ဒုံးကျည်စမ်းသပ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက်တွင်  ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်လျှက်ရှိသည်။

ထို့ပြင် ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုကလည်း တားမြစ်ချက်များကို ချိုးဖောက်ရာရောက်သည့် လက်နက်စမ်းသပ်မှုများ အကြိမ်ကြိမ်ပြုလုပ်နေသည့် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly