အီဘရာဟီမိုဗစ်ကိုခေါ်ယူရန် အာဆင်နယ်အသင်း စိတ်ဝင်စားနေ

အီဘရာဟီမိုဗစ်ကိုခေါ်ယူရန် အာဆင်နယ်အသင်း စိတ်ဝင်စားနေ

မတ် ၁၈၊ လန်ဒန်။         ။ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီဗိုဗစ်က ပရီးမီးယားလိဂ်သို့ လာကစားရန်ဆန္ဒရှိနေချိန်တွင် အာဆင်နယ်အသင်းကို ကမ်းလှမ်းခဲ့ဖွယ်ရှိသည်ဟု မယ်ရာသတင်းစာကဖော်ပြသည်။

ကမ္ဘာ့အကျော်ကြားဆုံးတိုက်စစ်မှူးများထဲတွင်တစ်ဦးအပါအဝင်ဖြစ်သည့် ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် လန်ဒန်ကိုရွေးချယ် ထားပြီး အာဆင်နယ်အသင်းကစိတ်ဝင်စားနေသည်။

ရာသီကုန်တွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရနိုင်မည့် အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ်ကို ချယ်လ်ဆီးနှင့်မန်ချက်စတာယူနိုက်တက် တို့ကလည်းစိတ်ဝင်စားကြောင်းပြသနေကြရာ အာဆင်နယ်နည်းပြဝင်းဂါးအနေဖြင့် ယင်းတိုက်စစ်မှူးကိုခေါ်ယူရန်ကိစ္စကိုဆုံးဖြတ်ရမည်ဖြစ် သည်။

ပီအက်စ်ဂျီအသင်းတွင်တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲနှင့်အထက်ရနေသည့် အီဘရာဟီမိုဗစ်သည် ပရီးမီးယားလိဂ်တွင်လာရောက်ကစားလို သည်ဟု မကြာသေးမီက ပြောဆိုထားသည်။

အာစင်ဝင်းဂါးအနေဖြင့် လာမည့်ရာသီတွင် အာဆင်နယ်အသင်းလူစာရင်းတောင့်တင်းစေရန် တိုက်စစ်၊ ကွင်းလယ်နှင့် နောက်ခံလူတစ်ဦးစီ ခေါ်ယူရန် စီစဉ်ထားသည်။

ငယ်စဉ်ဘဝက အာဆင်နယ်အသင်းတွင် ခြေစွမ်းစမ်းသပ်မှုခံယူရန်ငြင်းဆန်ခဲ့ဖူးသည့် အီဘရာဟီမိုဗစ်သည် အာဆင်နယ်အသင်းတိုက်စစ် အတွက် ကာလတိုဖြေရှင်းမှုတစ်ခု ဖြစ်လာနိုင်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly