လိင် ခွဲစိတ်ပြုပြင်ခဲ့သူ ဒီဂျေ Stephanie Hirst လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက်တော့မည်

လိင် ခွဲစိတ်ပြုပြင်ခဲ့သူ ဒီဂျေ Stephanie Hirst လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက်တော့မည်

လိင် ခွဲစိတ်ပြုပြင်ပြောင်းလဲခဲ့သူ ဒီဂျေ Stephanie Hirst သည် လုပ်ငန်းမှ တစ်နှစ်ခန့် အနားယူခဲ့ပြီးနောက် ယခုအခါတွင် ရေဒီယိုအစီအစဉ်များ၌ အစီအစဉ်တင်ဆက်သူ အဖြစ် ပြန်လည် ဆောင်ရွက်တော့မည် ဖြစ်သည်။

ယခင်က ဆိုင်မွန် ဟု လူသိများသော Stephanie Hirst သည် ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်းတွင် Top 40 အစီအစဉ်၌ တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ဘန်စလေ အခြေစိုက် ဒီဂျေ Stephanie Hirst သည် လိင် ခွဲစိတ်ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဇွန်လက Capital FM Yorkshire နှင့် Gold ရုပ်သံလိုင်းတို့မှ အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။

Stephanie Hirst သည် ဘီဘီစီ ရေဒီယိုမန်ချက်စတာ တွင် အပတ်စဉ် ဂီတအစီအစဉ် အတွက် ဝင်ရောက်လုပ်ကိုင်တော့မည် ဖြစ်သည်။ “ကျွန်မ ဒီလောကထဲ ပြန်လည်ဝင်ရောက်လာမှှုကို အဆင်ပြေ သိမ်မွေ့စေချင်တာပါ” ဟု Stephanie က ဆိုခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly