မန္တလေး-မူဆယ် ကုန်တန်ဆာခ တစ်တန်လျှင် ကျပ် ၁ သောင်းကျော် မြင့်တက်

မန္တလေး-မူဆယ် ကုန်တန်ဆာခ တစ်တန်လျှင် ကျပ် ၁ သောင်းကျော် မြင့်တက်
ဓာတ်ပုံ-မဇ္စျိမ

မန္တလေး-မူဆယ် ကုန်တန်ဆာခ  တစ်တန်လျှင် ကျပ် ၁ သောင်းကျော် မြင့်တက်သွားကြောင်း မန္တလေး- မူ ဆယ်ကုန်သည်များအသင်းမှ တွင်းရေမှူး ဦးထွန်းလင်းစိုးက ပြောသည်။

ယခုလသည် တရုတ်နိုင်ငံသို့  ဖရဲ၊ သခွား တင်ပို့ရာသီဖြစ်သည့်အတွက် တင်ပို့ချင်သည့် ကုန်စည်ကများပြီး ကုန်တင်မည့် ကုန်ကားရှားပါးမှုနှင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းကြောတွင် ရက်ရှည်ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်တာကြောင့်ယခုလိုတန်ဆာခများမြင့်တက်သွား ရခြင်း ဖြစ်သည်။

“ကုန်တန်ဆာခ ဈေးတက်ရတာက အခုက ဖရဲ၊ သခွား တင်ပို့ချိန်ဖြစ်တော့ အသီတွေ မပုတ်အောင် ကွာလတီမ လျော့သွားအောင် ကုန်သည်တွေက ဈေးပိုပေးပြီး တင်ကြတာကြောင့်ပါသလို ဒီလမ်းပိုင်းမှာကားလမ်းတွေကမကြာခဏပိတ်နေတော့အရင်သုံးခေါက်တက်ရမယ့်နေရာမှာ နှစ်ခေါက်လောက်ပဲ တက်ရတော့ကားသမား တွေကလည်း ဈေးပိုတောင်းလာကြတာပေါ့”ဟု ဦးထွန်းလင်းစိုးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက မန္တလေးမြို့၏ မိုင် ၁၀၀ ပတ်လည် ကုန်တင်မည့်ဒေသများမှ မူဆယ်မြို့ အ ရောက် ကုန်တစ်တန်လျှင် ကုန်တင်တန်ဆာခ ကျပ် ၈ သောင်း ဝန်းကျင်မှ ဈေးနှုန်း တဖြည်းဖြည်း မြင့်တက် လာခြင်းဖြစ်ပြီး  လက်ရှိတွင် ကုန်တစ်တန်လျှင် တန်ဆာခ ကျပ် ၁ တစ်သိန်း ဝန်းကျင်ထိ မြင့်တက်သွား ခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာအဓိကနယ်စပ်ကုန်သွယ်ရေးလမ်းမကြီးတစ်ခုဖြစ်သည့် မန္တလေး-မူဆယ် ပြည်ထောင် စုလမ်း မကြီးတွင်  မကြာခဏ ရက်ရှည်ယာဉ်ကြောပိတ်ဆို့မှု့များ ဖြစ်ပေါ်လေ့ရှိသည့်အတွက် ကုန်စည်ပျက်စီးမှုများ ကြောင့် ဈေးနှုန်းလျော့ကျမှုဒဏ်ကို ကုန်သည်များ ခံစားနေရသည်ဟု ကုန်သည်များက ပြောဆိုကြသည်။

“ကျွန်တော်တို့ ကုန်သည်တွေက ဒီပြည်ထောင်စုလမ်းမကြီးမှာ အဓိက ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်တဲ့ ဂုတ်တွင်းနဲ့ နာမ့်ဖတ်ကာ နေရာတွေကို လမ်းချဲ့ပေးဖို့ အစိုးရကို အကြိမ်ကြိမ် တင်ပြထားပေမယ့်  ဘာမှထူး မလာဘူး” ဟု မန္တလေး- မူ ဆယ်ကုန်သည်များအသင်းမှ အသင်းဝင် ကုန်သည်တစ်ဦးက ပြောသည်။

ယခုလ ၁ ရက်နေ့က  နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား  ဂုတ်တွင်းတွင်  ကုန်တင်ယာဉ်ကြီး လမ်းလျော်မှု ကြောင့် တစ်ပတ်ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly