မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်တဲ့ ဘေယောင်ဂျွန်းတို့ စုံတွဲ

မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်တဲ့ ဘေယောင်ဂျွန်းတို့ စုံတွဲ

(ဆိုးလ်)။ ။ မင်းသား ဘေယောင်ဂျွန်းနှင့် မင်းသမီး ပက်ခ်ဆိုဂျင်တို့သည် မကြာမီကျင်းပမည့် ၎င်းတို့၏ မင်္ဂလာပွဲ အတွက် ပြင်ဆင်မှုများ ပြီးစီးလုနီးပါး ဖြစ်နေပြီး မင်္ဂလာပွဲတွင် ပက်ခ်ဝတ်ဆင်မည့် ဂါဝန်ကိုလည်း ရွေးချယ်ပြီးပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘေယောင်ဂျွန်းနှင့် ပက်ခ်ဆိုဂျင်တို့သည် မင်္ဂလာမှတ်တမ်းတင် ဓာတ်ပုံများလည်း ရိုက်ပြီးပြီဖြစ်သော်လည်း မင်္ဂလာပွဲ ကျင်းပမည့်ရက်ကို ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ပက်ခ်၏ အေဂျင်စီ Keyeast က ပြောကြားသည်။

၎င်းတို့ နှစ်ဦးသည် မင်္ဂလာဆောင်မည့်ရက်ကို ရွေးချယ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း အေဂျင်စီက ပြောကြားသည်။

ဘေယောင်ဂျွန်းနှင့် ပက်ဆိုဂျင်တို့က စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလထဲတွင် မင်္ဂလာပွဲ ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း ကနဦးက ပြောကြားခဲ့သည်။

ဘေယောင်ဂျွန်းနှင့် ပက်ခ်ဆိုဂျင်တို့သည် မင်္ဂလာဓာတ်ပုံများကို သတိုးသမီး အရန်များဖြစ်သော ဝန်ဂျီဟေး၊ ကင်ဆောင်အန်၊ လီယောင်ဒိုနှင့် သတိုးသား အရန်များနှင့်အတူ ဓာတ်ပုံရိုက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly