တရုတ်အဝယ်လျော့နည်းလာသဖြင့် နှမ်းရောင်စုံစျေးကွက် ၂ လနီးပါးကြာ အရောင်းအဝယ်ပါးနေ

တရုတ်အဝယ်လျော့နည်းလာသဖြင့် နှမ်းရောင်စုံစျေးကွက် ၂ လနီးပါးကြာ အရောင်းအဝယ်ပါးနေ

ပြည်တွင်းထွက် နှမ်းရောင်စုံဈေးကွက်မှာ တရုတ်ကုန်သည်များ ဘက်မှအဝယ်ပါးနေသောကြောင့် ဈေးကျဆင်းကာ အရောင်းပါးနေကြောင်း   မန္တလေးမြို့ခံနှမ်းကုန်သည်တွေများထံမှ သတင်းရရှိသည်။

ရတနာထွန်းပွဲရုံ ကနှမ်းကုန်သည် ဦးသိန်းစံက``ခုတလောတရုတ်အဝယ်တွေနား ထားတော့ နှမ်းအရောင်းအဝယ်ပါးတာ နှစ်လနီးပါးရှိနေပါပြီး အရောင်းအဝယ်ဖြစ်တယ်ဆိုပေမယ့် အလုပ်ဖြစ်ယုံလောက်ပါ’’ ဟုပြောသည်။

လတ်တလောဈေးနှုန်း များသည် ၂၀၁၆ နှစ်ဆန်းပိုင်းက ဈေးနှုန်းများနှင့် နှိုင်းယှဉ် က နှမ်းအ မျိုးအစားအလိုက် တစ်အိတ်ကို ကျပ် ငါးထောင် မှ ကျပ် လေးသောင်း အထိဈေးလျော့နည်း လာနေကြောင်းတွေ့ရှိရသည်။

နှမ်းကုန်သည် ဦးတင်ထွန်းနိုင်က``တရုတ်ဈေးကွက်ကိုအဓိက အားထားရတာဆိုတော့ တရုတ်ဝယ်လိုအား နည်းရင် ဈေးကျတာပါပဲ။အရောင်းအဝယ်အေးအေးပါပဲ’’ဟုပြောသည်။

နှမ်းရောင်စုံဈေးကွက်အနေဖြင့် တရုတ်နိုင်ငံဈေးကွက်ကို အဓိကထား ရောင်းချနေတာဖြစ်ပြီး ရွှေလီ နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ တဆင့်တင်ပို့နေတာလည်းဖြစ်ပြီး   နှမ်းဈေးကွက် အတွင်း အဝယ်ထက် ရောင်းချလိုသူ သာများနေကြောင်း နှမ်းကုန်သည်အသိုင်းအဝိုင်းက သုံးသပ်ပြော ဆိုကြသည်။

နှမ်းကုန်စည်ဒိုင်ကထုတ်ပြန်သည့် မတ်လ ၁၇ ရက် ဈေးနှုန်းများ အရ ၄၅ ပိသာဝင်တစ်အိတ်ဈေး အနေ နဲ့ နှမ်း နက်(စမုံ)တစ်အိတ်ကို တစ်သိန်းရှစ်သောင်း ကျပ် ၊ နှမ်းညိုတစ်အိတ်လ ျှင် ခုနှစ်သောင်းရှစ်ထောင်ကျပ် ၊ ပန်းနှမ်း တစ်အိတ်ကို ကိုးသောင်းငါးထောင် ကျပ် ၊ နှမ်းဖြူ တစ်အိတ်လ ျှင် ကိုးသောင်းတစ်ထောင် ကျပ် နှင့် နှမ်းနက် တစ်အိတ်လ ျှင် တစ်သိန်းခုနှစ်သောင်းကျပ် အသီးသီးအရောင်းအဝယ်ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly