အိန္ဒိယ ပဲ အထွက်လျော့ကျနေသည့် သတင်းကြောင့် ပြည်တွင်း ပဲစင်းငုံု စျေးကွက်အတွင်း လှုပ်လှုပ်ခတ်ဖြစ်လာ

အိန္ဒိယ ပဲ အထွက်လျော့ကျနေသည့် သတင်းကြောင့် ပြည်တွင်း ပဲစင်းငုံု စျေးကွက်အတွင်း လှုပ်လှုပ်ခတ်ဖြစ်လာ

အိန္ဒိယနိုင်ငံတွင် ယခုလအတွင်း ပဲအထွက်နှုန်း လျော့ကျနေသည် ဆိုသော သတင်းကြောင့် ပဲစင်းငုံဈေး ပြန်လည်မြင့်တက်လာဖွယ်ရှိကြောင်း ပဲကုန်သည်များက ဆိုသည်။

 ပဲကုန်သည်တစ်ဦးဖြစ်သူ ဦးစိန်ထွန်းက "RC ဈေးတက်လာတယ်ဆိုပေမယ့် အရင်ဈေးတော့ မရောက်သေးဘူး။ အဝယ်ရှိလာလို့ သွက်လာတဲ့သဘောပါ။ အိန္ဒိယအဝယ်ပိုရှိလာရင်တော့ ဈေး ဆက်တက်နိုင်မယ်လို့ မျှော်လင့်ရတယ်’’ ဟုပြောသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံကထွက်သည့် ပဲ ၇၀ ရာခိုင်နှုန်းကို နှစ်စဉ် ဝယ်ယူလျက်ရှိသည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ ပဲအထွက်နှုန်း လျော့နည်းလာသည့်အတွက် မြန်မာမှ ပိုမိုဝယ်ယူနိုင်၍ ပဲစင်းငုံဈေးကွက် ပြန်လည်မြင့်တက်ခြင်းဖြစ်သည်ဟု ပဲကုန်သည် အသိုင်းအဝိုင်းက ခန့်မှန်းခြင်းဖြစ်သည်။

လက်ရှိ ပဲစဉ်းငုံ(RC)တစ်တန်ကို မတ်လ(၁၅)ရက်ပေါက်ဈေးအရ တစ်ဆယ့်သုံးသိန်း ခုနှစ်သောင်း ကျပ်ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

အဆိုပါပေါက်ဈေးသည် နိုင်ငံတကာဈေးကွက်သို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်က စတင်တင်ပို့ခဲ့သည့် ပဲစဉ်းငုံ(RC)တစ်တန်ဈေး တစ်ဆယ့်ငါးသိန်း တစ်သောင်းကိုးထောင်ကျပ်နှင့်   နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ်တစ်သိန်းခွဲ နီးပါး ကွာဟနေသေးသည်။

ပဲစင်းငုံ ပဲမျိုးကို အိန္ဒိယနိုင်ငံကို အများဆုံးတင်ပို့နေပြီး အခြားနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများကိုလည်း ပြည်တွင်းမှ တိုက်ရိုက် တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly