ထောင်ချခံရသည့် ကျောင်းသားအား ချက်ချက်ပြန်လွှတ်ပေးရန် အမေရိကန်က မြောက်ကိုရီးယားအား ပြော

ထောင်ချခံရသည့် ကျောင်းသားအား ချက်ချက်ပြန်လွှတ်ပေးရန် အမေရိကန်က မြောက်ကိုရီးယားအား ပြော

ဝါရှင်တန်၊ မတ် ၁၇ ။             ။ မြောက်ကိုရီးယားနိုင်ငံတွင် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁၅ နှစ်ချခံလိုက်ရသော အမေရိကန်ကျောင်းသားအား မြောက်ကိုရီးယားအနေဖြင့် ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်က တောင်းဆိုပြောကြားလိုက်သည်။

အသက် ၂၁ နှစ် အမေရိကန်ကျောင်းသား အော့တိုဝမ်ဘိုင်ယာသည် ဇန်နဝါရီလအတွင်းက မြောက်ကိုရီးယားသို့ အလည်အပတ်ရောက်ကာ ဝါဒဖြန့်ချိရေးလုပ်ငန်းများ တိတ်တဆိတ် လုပ်ဆောင်ရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးအရ ထိုးနှက်ရန်အတွက် လက်ကိုင်တုတ်သဖွယ် အမေရိကန်ကျောင်းသားအပေါ် အသုံးချခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဝမ်ဘိုင်ယာအား အဖျက်အမှောင့်လုပ်ငန်းများနှင့် ဆက်နွှယ်သည့် ရာဇဝတ်ပြစ်မှု ပုဒ်မဆိုင်ရာဖြင့် စီရင်ချချက်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းက ဖော်ပြသည်။

စီရင်ချက်ကို နိုင်ငံတော်ခုံရုံးက ချမှတ်ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ မြောက်ကိုရီးယားကို အထူးတွန်းအားပေးပါတယ်။ သူ့ကို ခွင့်လွှတ်ပြီး အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ချက်ချင်းလွှတ်ပေးဖို့ပါပဲ။"အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံခြားသားများကို ဖမ်းဆီးထောင်တန်းချခြင်းအားဖြင့် ၎င်း၏ ပြိုင်ဖက်များအား ထိုးနှက်ရန် မကြာခဏဆိုသကဲ့သို့ လုပ်ဆောင်တတ်သည့် နိုင်ငံလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly