အင်ဒိုနီးရှားလုံခြံုရေးတပ်ဖွဲ့ဝင်များက တရုတ်ဝီဂါစစ်သွေးကြွ နှစ်ဦးကို သတ်ဖြတ်

အင်ဒိုနီးရှားလုံခြံုရေးတပ်ဖွဲ့ဝင်များက တရုတ်ဝီဂါစစ်သွေးကြွ နှစ်ဦးကို သတ်ဖြတ်

ဂျာကာတာ၊ မတ် ၁၆ ။          ။ နိုင်ငံ၏ အလိုရှိဆုံးအမျိုးသားဦးဆောင်နေသော စစ်သွေးကြွကွန်ရက်မှ တရုတ်ဝီဂါနှစ်ဦးကို အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်လိုက်သည်ဟု ရဲတပ်ဖွဲ့ဝင်များက မတ် ၁၆တွင် ပြောသည်။

အိုင်အက်စ်အုပ်စုအပေါ် ပြည်တွင်းထောက်ခံမှုကြီးထွားလာသည့် ခြိမ်းခြောက်မှုနှင့် တိုက်ပွဲဝင်နေရစဉ် အင်ဒိုနီးရှားသည် စစ်တပ်ကျောထောက်နောက်ခံဖြင့် ဆူလာဝေဆီကျွန်း၏ တောများထဲတွင် လုံခြုံရေးစစ်ဆင်မှု ဆင်နွှဲနေသည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တရုတ်နိုင်ငံရှိ ဝီဂါလူနည်းစုမှ အဆိုပါအမျိုးသားနှစ်ဦးသည် ဆူလာဝေဆီအလယ်ပိုင်းရှိ စစ်သွေးကြွတစ်ဦးဖြစ်သူ ဆန်တိုဆိုနှင့် ပူးပေါင်းခဲ့သည်။ ဆန်တိုဆိုမှာ အင်ဒိုနီးရှားတွင် အိုင်အက်စ်ကို အထင်ရှားဆုံးကျောထောက်နောက်ခံပြုဖြစ်ပြီး တိမ်းရှောင်နေသည်မှာ သုံးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။

မြို့တော်ဂျာကာတာ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁,၆၀၀ကျော်ရှိ ပိုဆို၏ သစ်တောဧရိယာတစ်ခုအတွင်း ပိုက်စိတ်တိုက်စစ်ဆင်ရေးတစ်ခုတွင် မတ် ၁၅က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ "ဖမ်းဆီးထားတဲ့ တခြားမသင်္ကာသူတစ်ဦးရဲ့ ထွက်ဆိုချက်အရ ဒီလူတွေဟာ ဝီဂါတွေဖြစ်တယ်ဆိုတာ သိရပါတယ်"ဟု ဗဟိုဆူလာဝေဆီရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား ဟာရီဆူပရက်တိုက ပြောသည်။ ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက ဂျာကာတာရှိ တရုတ်သံရုံးသို့ အသိပေးခဲ့သည်ဟု သိရသည်။

သုံးသပ်ချက်ပေးရန် ရိုက်တာသတင်းဋ္ဌာန၏ မေတ္တာရပ်ခံချက်ကို တရုတ်သံရုံးပြန်ကြားရေးအရာရှိတစ်ဦးက ငြင်းဆိုခဲ့သည်။ လွန်ခဲ့သည့်နှစ်ကလည်း အဆိုပါစစ်သွေးကြွအုပ်စုသို့ ဝင်ရန် ကြိုးပမ်းမှုဖြင့် အခြားဝီဂါလေးဦးကိုလည်း ထောင်ဒဏ်ချမှတ်ခဲ့သည်။ ယင်းစစ်သွေးကြွအုပ်စု၏ ခေါင်းဆောင်မှာ အာဏာပိုင်များ၏ ပြောကြားချက်အရ တပ်ဖွဲ့ဝင်ရာပေါင်းများစွာဖြင့် တစ်နှစ်ကျော် ရှာဖွေအပြီး ချောင်ပိတ်မိနေပြီဟု ဆိုသည်။

ဝီဂါရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာသည် တည်ငြိမ်မှုမရှိသော တရုတ်၏ ရှင်ကျန်ဒေသမှ ထွက်ပြေးရန် အားသန်လျက်ရှိပြီး အရှေ့တောင်အာရှမှ တဆင်း တူရကီသို့ တိတ်တဆိတ်ထွက်ခွာလျက်ရှိသည်။ နောက်ဆုံးတွင် ဝီဂါတို့သည် အိုင်အက်စ်တို့အတွက် တိုက်ခိုက်ပေးရန် ဆီးရီးယားနှင့် အီရတ်သို့ ဝင်ရောက်လျက်ရှိသည်ဟု တရုတ်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly